Unicode ver...
11.နှုတ်ဆက်ခဲ့ပါတယ်
"အိမ်ရှေ့စံ နန်းတော်ရဲ့ သီးသန့်အချုပ်ခန်းထဲမှာ အဖမ်းခံထားရတယ်" ဆိုတဲ့ စာ
တစ်စောင်က ကျန်းချန်ဆီရောက်လာတာကြောင့် အားလုံးက ရွာလယ်က အစည်းအဝေးခန်းမမှာ စုရုံးနေကြလေသည်။ထိုသတင်းက ဟုတ်သည်ရှိသော် မဟုတ်သည်ရှိတော် ကိုယ်ရံတော် ကျန်းချန်ကတော့ သွားဖို့ အဆင်သင့် ဖြစ်နေလေသည်။
လူအမြောက္အများနဲ့ မဟုတ်ပဲ ကိုယ်ရံတော် ကျန်းချန်နဲ့ လက်ရွေးစင် ငါးဦးသာ မြင်းကိုယ်စီနဲ့ မင်းနေပြည်တော်ဆီ ညတွင်းချင်း ထွက်ခွါကြလေသည်။
~
~
~လခြမ်းပုံစံ ဆွဲကြိုးလေးကို အသာဆုပ်ကိုင်လို့ ဧကရာဇ်ငယ်က လက်တစ်ဖက်တစ်ချက်မှာ သံကြိုးကြီးတွေနဲ့ ချီခံထားတဲ့ ရှောင်းကျန့်ရှေ့မှာ တွေတွေလေးထိုင်နေလေသည်။
"မင်း အခုချထားလို့ ငါပြောနေတယ် ယွဲ့လျန့် မျိုးရိုး!!"
သံကြိုးကြောင့် နေရာကနေ မရွေ့နိုင်တာတောင် သူ့ကို အော်ဟစ်ကျုံးဝါးနေတဲ့ ရှောင်းအရှင်ကို ဧကရာဇ်ငယ်က အသည်းယားနေသည်။
သူက ကိုယ်ချစ်ရတဲ့ ကိုကိုဆိုတာ သိလိုက်ရတော့ သူက မာန်မဲနေတာတောင် ချစ်ဖို့ကောင်းနေသလိုပဲ။ အဟက် ယွဲ့လျန့် ယွဲ့လျန့် မင်းရဲ့ ဒုက္ခက တကယ့္ကို မသေးဘူးပဲ။
"ငါမချတော့ကော မင်းက ဘာလုပ်ချင်လဲ။ အနည်းငယ်ပဲ ကိုင်ကြည့်တာကို တွန့်တိုနေလိုက်တာ"
"အဲ့ပစ္စည်းကို ထိဖို့ မင်းလက်က မထိုက်တန်ဘူး!"
"အဟက်!"
အသံကတော့ မာန်အပြည့်ပါပဲ။ မထိုက်တန်ဘူးတဲ့။ ဒါက ငါပေးထားတာ မဟုတ်သလို သူပြောဆိုပြန်ပြီ။ တကယ်ပဲ ငါမမြင်နိုင်တဲ့ ကမ္ဘာတစ်ခုမှာ တစ်ခုခုတော့ ဖြစ်နေမယ်ထင္တယ်။
"မထိနဲ့ ဆိုလည်း မထိဘူးပေါ့ ဟောသလိုဆွဲထားလည်း ရတာပဲကို"
ရိပေါ်က ရှောင်းအရှင်ရှေ့ နားနားကပ်ပြီး ဆွဲကြိုးကို ဆွဲပေးတော့ ရှောင်းအရှင်က မလိုမုန်းတီးနေသလို ခန္ဓာကိုယ်က မလှုပ်နိုင်ရင်တောင် မျက်နှာကိုတော့ တစ်ဖက်လှည့်သွားလိုက်လေသည်။
YOU ARE READING
The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)
Fanfictionရာဇာဧကရာဇ်တစ်ပါးရဲ့ ထွက်ဆိုထားတဲ့ သစ္စာစကားတစ်ခွန်းသည်က~~~ This story is Heavy Drama type. If you didn't like this type. Just go over and ignore it. Thank you.