ဧကရာဇ်က ရူးသွားပြီ

2.1K 240 54
                                    

Unicode ver....

37.ဧကရာဇ်က ရူးသွားပြီ

*ကိုကို ဝမ်လေးဆီ မြန်မြန် ပြန်လာတော့လား ဝမ်လေးအရမ်းလွမ်းနေပြီလို့*

*ကိုကို ဖေဖေကလေ ဝမ်လေး ကိုကို့ကိုမေးရင် ရိုက်တယ်*

*ကိုကို ဝမ်လေးလေ ဓားရေးတွေမလေ့ကျင့်ချင်တော့ဘူး လက်ဖဝါးတွေ နီကုန်ပြီ နားလည်း နာနေတယ် ဆေးလိမ်းလည်း ပျောက်ဘူး*

*ကိုကို ဝမ်လေးစာတွေ မကျက်ချင်တော့ဘူး နားချင်တယ်။ စာတွေအများကြီးပဲ ခေါင်းတွေ​ေလေးနေပြီ။*

*ဝမ်လေးလေ ကိုကိုခူးပေးတဲ့ ဇီးသီးလေး စားချင်တယ် ကိုယ်ရံတော်ယူလာပေးတာက မချိုဘူး*

*ကိုကို ဘယ်သူမှလည်း ဝမ်လေးနဲ့မဆော့ကြဘူး။ ​ရှောင်ပဲရှောင်နေကြတယ်။ ဝမ်လေး ကိုကို့ကို သိပ်သတိရတာပဲ။*

*ဝမ်လေးက ပြိုင်ပွဲတိုင်းမှာ ပထမရလို့တဲ့ တစ်ချို့က ဝမ်လေး ကို မကြည်ဘူး*

*အရမ်းပင်ပန်းနေပြီ ကိုကိုရယ် ဝမ်လေးနားချင်တယ်*

*ဖေဖေကပြောတယ် ဝမ်လေးတော်နေမှ နိုင်ငံကို ကာကွယ်နိုင်မယ်တဲ့။ ဒါဆို ဝမ်လေးသန်မာမှ ဖြစ်မှာပေါ့နော် ဒါမှ ကိုကိုမရှိတုန်း ဝမ်လေး ဒီနိုင်ငံကို ကာကွယ်နိုင်မှာလေ*

*ကိုကို ဝမ်လေး ရှန့်ဒင့်ဓားကို ပိုင်နိုင်ပြီသိလား။ အသက်ထွက်မတတ် နာကျင်ရတဲ့ ရက်တွေလည်း ကျော်လွန်လာပြီလို့။ တောင်ထိပ်က အမြင့်ကြီးပဲကို မသေသွားတာ ကံကောင်းသွားတယ်။

*မြို့ထဲကနေ ပြန်လာပြီ ကိုကို။ ဒီနေ့ သတင်းထူးရှိတယ်။ ဝမ်လေးလေ ဇီးသီးလေး ဆိုတဲ့ နာမည်နဲ့ ဆင်းရဲသားတွေကို သွားကူလာတာ*

*ဒီနေ့ ဓားမြတွေက နည်းနည်းကြမ်းကြတယ်။ ဝမ်လေးဖြင့် ရှန့်ဒင့်ကို သုံးရတော့မလိုရယ်။*

*ကိုကိုရယ် ဝမ်လေးကို သတိမရတော့ဘူးလား*

*မက်မွန်ပင်လေးတွေက ကြီးလာပြီနော် ကိုကို။ ဝမ်လေး ဒီနေ့ပဲ အသစ်ကလေးတွေကို သွား စိုက်လာသေးတယ်*

*ကိုကို့ကို အရမ်းလွမ်းတယ်*

*မြန်မြန်ပြန်လာပါတော့လား မဟုတ်ရင် သား ဘုရင် ဖြစ်ရတော့မယ်။ ဒါက ကိုကို့နေရာလေ ကိုကို့ကိုပဲ ပေးမှာကို*

The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)Tahanan ng mga kuwento. Tumuklas ngayon