Unicode ver....
22. သူက မုန်းစရာကြီးပဲလေ
သွေးပူတုန်းက သတိမထားမိပေမဲ့ အခုသူတစ်ယောက်တည်းမို့ ယွဲ့လျန့် သေချာကြည့်လိုက်မိတော့ အခုသူရောက်နေတာ ဧကရာဇ်ရဲ့ နန်းဆောင်မှန်း သိတော့သည်။
ခန္ဓာကိုယ္က သွေးနံ့တွေနဲ့ နံနေပေမဲ့ ငါမလာမချင်း ကုတင်ပေါ်ကနေ မဆင်းနဲ့ ဆိုတဲ့ သခင်ကြောင့် ယွဲ့လျန့် နားထောင်စွာပဲ ရေချိုးခန်းဘက်သို့ ကူးသွားလေသည်။
ဟုတ်ပါသည်လေ သွေးတွေ ပေနေတာ နေသာထိုင်သာ ရှိပါ့မလားလို့။
တော်သေးတာပေါ့ ရေချိုးခန်းထဲမှာ ရေရှိနေတာပဲ။
ဝတ်ရုံကို ချွတ်ချလို့ ရေစိမ်ပလိုက်တဲ့ ယွဲ့လျန့်ဟာ ရေထဲ အညောင်းအညာပြေဆေးပါ နေမှန်းမသိပဲ အချိန်တစ်ခုထိကို စိမ်နေမိလေသည်။
"အင်း နေလို့ကောင်းလိုက်တာ"
ရေချိုးပြီးစီးပြီဖြစ်ပေမဲ့ သခင့်အသံမကြားရသေးတာကြောင့် သခင့်ရဲ့ အဝတ်တစ်ထည်ကို ရွေးယူလို့ အမြန်ဝတ်ပြီး တဘက်တစ်ထည်နဲ့ ခေါင်းသုတ်နေလိုက်လေသည်။
အစတုန်းက အကောင်းပေမဲ့ အခုမှ လေးလံချင်လာတဲ့ မျက်ခွံက ယွဲ့လျန့်ရဲ့ အမိန့်ကို မနာခံချင်တော့ပါ။
"သခင်က ဘယ်တော့ ပြန်လာမလဲ"
ဒါက အိပ်မပျော်ခင် ယွဲ့လျန့်အရှင်ရဲ့ နောက်ဆုံး စကားဖြစ်သည်။ ထိုနောက်မှာတော့ ထိုက်ရန်အရှင် မှာထားသလို တသွေမသိမ်း ယွဲ့လျန့်အရှင်ရဲ့ ခန္ဓာကိုယ်ဟာ ကုတင်ပေါ်မှာ ဘုံ့ဘုံ့ကလေး ခွေအိပ်နေလေသည်။
~~~~
"ခမည်းတော် သားရဲ့ မုတန်ဘယ်မှာလဲလို့"
"အပြစ်ပေးထားတယ်"
သူ့ခင်များတော့ စိုးရိမ်လို့ လိုက်လာပါရဲ့ သားတော်ငယ်လေးက နိုးကတည်းက မုတန် မုတန်နဲ့ နှုတ်က မချတော့တာမို့ ထိုက်ရန်က မကြည်ချင်။ ဘာကြောင့်လို့ထင်လဲ။
သားတော်ငယ်လေးက သူ့ကို မချစ်ပဲ ယွဲ့လျန့်ကို ချစ်သွားမှာ စိုးလို့ရယ်လေ။ ဟုတ်ပါတယ် အဲ့သလိုပဲ ထင်လိုက်ပါ။ တကယ်ပါ တကယ် ထိုက်ရန်အရှင်က ဘယ်သူ့ကိုမှ သဝန်မတို ပါဘူး။
YOU ARE READING
The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)
Fanfictionရာဇာဧကရာဇ်တစ်ပါးရဲ့ ထွက်ဆိုထားတဲ့ သစ္စာစကားတစ်ခွန်းသည်က~~~ This story is Heavy Drama type. If you didn't like this type. Just go over and ignore it. Thank you.