Unicode ver....
ဧကရာဇ်မင်းမြတ်ရဲ့ သစ္စာစကား
ထိုက်ရန်ပြည်ရဲ့ စျေးလမ်းတွေကြားမှာ ပြည်တွင်းတင်မက ပြည်ပစျေးသည်တွေပါရောက်နေတာကြောင့် လမ်းတစ်ကျောလုံး လူတွေစည်ကားနေလေသည်။ သာယာဝပြောပြီး အေးချမ်းတဲ့ တိုင်းပြည်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လိုက်ဖက်စွာ ပြည်သူတွေရဲ့ အပြုံးတွေကို ကြည့်ရတာနဲ့တင် တကယ်သာယာနေမှန်း သိသာနေလေသည်။
ပြည်သူတွေကြား သာမာန်ဝတ်ရုံလေးနဲ့ သာမာန်မဟုတ်တဲ့ ကောင်ငယ္လေးတစ်ယောက်က ချိုချဥ်တုတ်ထိုးလေး ကိုင်ပြီး ဟိုဆိုင်ပြေး ဒီဆိုင်ပြေးနဲ့ လုပ်နေလေသည်။
သူစားချင်သမျှကို ယူပြီးတာနဲ့ အသပြာမပေးပါပဲ ထွက်ထွက်သွားတာတာဖြစ်ပြီး အသပြာကိုတော့ သူ့နောက်က လူက ပြုံးပြုံးလေးနဲ့ လိုက်ရှင်းပေးတာ ဖြစ်သည်။
"အီးဟီး ငါ့ရဲ့ ပေါက်စီကို ပြန်ပေးပါ။ အီးဟီး တောင်းပန်ပါတယ်"
"ပြန်လို ချင်ရင် လာယူလေ လာယူ ဟား ဟား"
"ဟား ဟား ဟား "
တောက်တောက်ပြောင်ပြောင် ခလေးတစ်စုက ပေစုတ်စုတ်ကလေးတစ်ယောက်ကို အနိုင်ကျင့်နေတာ မြင်တာကြောင့် ရိပေါ် ထိုအရာကို အတန်ကြာ စိုက်ကြည့်နေလိုက်လေသည်။
ပျော်နေရာကနေ ရုတ်တရက်ကြီး ငြိမ်သွားတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် ရိပေါ်ကြည့်တဲ့ နေရာကို လိုက်ကြည့်မိတော့ ခလေးငယ်တစ်ယောက်ကို ဝိုင်းအနိုင်ကျင့်နေတဲ့ ခလေးတစ်စုကို တွေ့ရလေသည်။
"ခလေးတို့ သူငယ္ချင်းကို အဲ့လို မလုပ်ရဘူးလေ"
"ခင်များက ဘယ်သူလဲ"
ရိပေါ် မနေနိုင်ပဲ ခလေးတစ်စုကိုတားတော့ ခေါင်းဆောင်ဖြစ်ဟန်ရတဲ့ ခလေးက ပြန်စွာတော့ ရိပေါ်က သူတို့နဲ့ တစ်သားတည်း ဖြစ်အောင် ထိုင်ချပြီး ~~~
"သူများကို အနိုင်ကျင့်တာ မကောင်းဘူးလေ သားရဲ့ "
"သူက သူခိုးလေ ပညာပေးမှ မှတ်လောက်သားလောက် ဖြစ်မှာပေါ့"
"ဟင်~~~"
ထို့နောက်တော့ ထိုညစ်ပေနေတဲ့ ခလေးဟာ ထိုခလေးခေါင်းဆောင်ရဲ့ ဆိုင်မှာပေါက်စီလာခိုးတတ်ကြောင်း သိရတော့ ရိပေါ်မှာ ထိုခလေးတစ်စုရဲ့ခေါင်းဆောင်ကို ပေါက်စီီဖိုးပေးလိုက်လေသည်။
CZYTASZ
The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)
Fanfictionရာဇာဧကရာဇ်တစ်ပါးရဲ့ ထွက်ဆိုထားတဲ့ သစ္စာစကားတစ်ခွန်းသည်က~~~ This story is Heavy Drama type. If you didn't like this type. Just go over and ignore it. Thank you.