Unicode ver....
33. ကျိန်စာ
ထိုက်ရန်အင်ပါယာရဲ့ ပထမအစသည်ကား~~~~
သိုင်းလောက သမားများစွာတို့ရဲ့ အရှုပ်အထွေးတွေ~~~~
သူသူငါငါ ကွဲပြားနေတဲ့ ဘုရင့်နိုင်ငံတော်တွေ~~~~
သူ့ထက်ငါလို ကြီးမြတ်ချင် အာဏာကြီးချင်နေတဲ့ လူတွေကြောင့် စတေးခဲ့ရတဲ့ သွေးချွေးတွေ~~~~
အာဏာရှင်ရဲ့ မြေဇာပင်ဖြစ်ခဲ့ရတဲ့ အပြစ်ကင်းမဲ့တဲ့ ပြည်သူတွေ~~~~
မြေပြင်လောကကြီးသည်ကား ငြိမ်သက်မှုမရှိလေတော့~~~~
လူသေအလောင်းကောင်တွေကြား ငိုယိုအော်ဟစ်နေတဲ့ ခလေးငယ်လေးတွေ~~~~
ဘယ်သူက ပြုံးပျော်လို့ ဘယ်သူက ငိုကျွေးနေခဲ့သလဲ~~~~
ခေတ်ကြီးက မငြိမ်သက်ခဲ့လေတော့ ဘဝသေခဲ့ရတဲ့ တက်သစ်စကလေးငယ်တွေ~~~~
ပျော်ရွှင်စရာနေရာ အသက်ရှူချောင်မဲ့နေရာဆိုတာ အဘယ်သို့ ရှာဖွေရတော့မည်နည်း။
လင်လင်ပြည်နယ်ရှိ ထိုက်ရန်မည်သော စစ်သူကြီးရဲ့ဆယ်ကျော်သက်သားငယ္လေးသည်ကား ဤတိုက်ပွဲကို မုန်းခဲ့လေ၏။
ဤစစ်ပွဲကြောင့်သည်သာ သူ့ရဲ့ ချစ်လှစွာသော ချစ်သူလေး ပျောက်ကွယ်ရသည် မဟုတ်ပေလား။
"မင်းဘယ်မှာ ရှိနေမလဲ အသက်ငယ်ရယ်"
ရက်ရှည်တိုက်ပွဲတွေကြား စိတ်ပူရုံတင်မကလွမ်းနာကျခဲ့ရတဲ့ ထိုက်ရန် တပ်မှူး ဂျီချုံးဟာ တိုက်ပွဲရက်တွေကြား သိခဲ့ရတဲ့ အမှန်တရားတစ်ခုကြောင့် သူ့ရဲ့ ချစ်သက်လျာခလေးငယ်ကို အမုန်းကြီးမုန်းခဲ့ရသည်တဲ့။
သူကြံငါကြံ အကြံဉာဏ်တွေကြား ဖြူစင်သူတွေဟာ အယောင်ယောင် အမှားမှား ဖြစ်ခဲ့ကြရလေသည်။
သူ့အတွက် ကိုယ်ကြိုးစားတာ သူမသိသလို
ကိုယ့္အတွက် သူကြိုးစားနေတာ မသိရတဲ့ တစ်ချိန်က ချစ်သူနှစ်ဦးဟာ မရည်ရွယ်ထားပါပဲ ရန်သူကြီးတွေ ဖြစ်လာရလေသည်။လွန်စွာလည်း မုန်းခဲ့ပါရက် သူ့ရဲ့နှလုံးသားနေရာကို ထိုးမစိုက်ရက်နိုင်တဲ့ ချစ်သူနှစ်ဦးကြားရဲ့ တိုက်ပွဲဟာ ထင်တာထက်ပင် နှောင့်
နှေးရပါသည်။
VOUS LISEZ
The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)
Fanfictionရာဇာဧကရာဇ်တစ်ပါးရဲ့ ထွက်ဆိုထားတဲ့ သစ္စာစကားတစ်ခွန်းသည်က~~~ This story is Heavy Drama type. If you didn't like this type. Just go over and ignore it. Thank you.