Unicode ver ....
10.မျှော်လင့်မထားတဲ့ အမှန်တရား
"ငါမေးနေတယ် ဒီဓားကို ဘယ်ကရလာတာလဲလို့!"
ဧကရာဇ် လုပ်ကြံခံရတယ် ဆိုတဲ့ သတင်းကြောင့် စစ်သူကြီး လန်ရှီးချန်ကော ဧကရာဇ်ခမည်းတော်ကပါ အချုပ်ခန်းသို့ ရောက်လာလေသည်။
ဒါပေမဲ့ ဧကရာဇ်ငယ်ကတော့ သူတို့ရောက်နေတာတောင် ဂရုမစိုက်နိုင်ပဲ ကိုယ်ရံတော်သစ်ဖြစ်တဲ့ ဟန်ရှစ်ယင်းကိုသာ အာရုံစိုက်နေလေသည်။
ရိပေါ်လက်ထဲက ဓားတိုကြောင့် ဧကရာဇ် ခမည်းတော်ရဲ့ မျက်နှာဟာ တစ်ချက် ပျက်ယွင်းသွားရလေသည်။
နည်းတူ စစ်သူကြီး လန်ရှီချန်လည်း ထိုဓားကြောင့် အနည်းငယ် ထိတ်လန့်နေသယောင် ရှိသည်။
"ဘယ်သူ့ဓားဖြစ်ဖြစ် မင်းနဲ့ မဆိုင်ဘူး"
"ဟန်ရှစ်ယင်း!!"
ဒေါသ တကြီး အော်လာတဲ့ ရိပေါ်ကို ကြည့်ရင်း ရှောင်းကျန့်က ခြောက်ကပ်ကပ်ရယ်မောလာသည်။
"ငါမေးနေတယ် ဒီဓားကို ဘယ်မှာရလာတာလဲလို့!!"
"သားတော် စိတ်ထိန်းပါ"
ထိန်းသိမ်းထားစရာရှိတဲ့ အတိတ်တစ်ချို့ကြောင့် ကိစ္စမပေါ်ခင်တားဆီးနိုင်ဖို့ ဧကရာဇ်ခမည်းတော်က အသံပြုလာလေသည်။
"ဧကရာဇ် ကျွန်တော်မျိုး စစ်ဆေးပေးပါ့မယ်"
"~~~"
ဘာစကားမှ ဆိုမလာပဲ စူးရှရှအကြည့်နဲ့ လှည့်ကြည့်လာတဲ့ ရိပေါ်ကြောင့် ရှီချန် နှုတ်ဆိတ်လိုက်ရပြန်လေသည်။
ရိပေါ် ရှောင်းဘက် တစ်ဖန် လှည့်လာပြီး~~~
"မင်းအပြစ်မတိုးချင်ရင် မင်းအမြန်ပြောတာကောင်းမယ်။ ဓားပိုင်ရှင်က ဘယ်မှာလဲ"
"ဟဟ ခက်ချေပြီ ဧကရာဇ်ရာ အဲ့ဓားနဲ့ မင်းကို ထိုးဖို့ လုပ်တာ ဘယ်သူလဲ ငါလေငါ ဟဟ မင်းနားမလည်သေးဘူးလား"
"မဖြစ်နိုင်တာ"
မျှော်လင့်ထားတဲ့ အဖြေဆိုပေမဲ့ စိတ်တစ်နေရာကလည်း မဖြစ်စေဖို့ ဆုတောင်းနေမိသလို။ သူအချစ်ဆုံးလူသားက သူ့ကို သတ်ဖို့
လုပ်နေတယ်ဆိုတာက မယုံချင်ဖွယ် ဖြစ်ရပ်တစ်ခုလို။
YOU ARE READING
The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)
Fanfictionရာဇာဧကရာဇ်တစ်ပါးရဲ့ ထွက်ဆိုထားတဲ့ သစ္စာစကားတစ်ခွန်းသည်က~~~ This story is Heavy Drama type. If you didn't like this type. Just go over and ignore it. Thank you.