ကိုယ္တောင်းပန်ပါတယ်

1.8K 165 35
                                    

Unicode ver....

50.ကိုယ်တောင်းပန်ပါတယ်

ခုနောက်ပိုင်းမှ ထိုက်ရန် သိရတာက သူ့ခလေးဟာ အသိကပ်နေချိန်ဆို သူ့ကို ဧကရာဇ်လို့ခေါ်ပြီး ထိတ်လန့်တာတို့ အံ့သြသွားတာတို့ သတိမထားမိတဲ့အချိန်တွေဆို သူ့ကို ကိုကိုလို့ခေါ်တတ်ကြောင်းသာ ဖြစ်သည်။

"ဧကရာဇ်ကြီး ဘုရား ဧကရာဇ်ငယ် ပျောက်နေပါတယ် ဘုရား"

"ဘာ! အခုချက်ချင်း ဝမ့်ကို လိုက်ရှာကြစမ်း!!"

လုပ်လက်စ ညီလာခံကိုလည်း ဆက်မလုပ်နိုင်တော့ပဲ အားလုံးက ဧကရာဇ်ငယ်ကိုသာ ရှာပုံတော် ဖွင့်ရလေသည်။

တစ်မနက်တည်းရယ်ပါ သူအနားမှာ မရှိသေးတာ တစ်မနက်တည်းရယ်ပါ။ အဲ့ဒါကို ဘယ်လိုဖြစ်ပြီး ဝမ်က ပျောက်သွားရတာလဲ။

"ဝမ်!! ကိုယ်ခေါ်နေတာ ကြားလား ဝမ်!!! ဝမ်!!!!"

နန်းတော်တစ်ခုလုံး ယွဲ့လျန့်ကို အော်ရှာနေကြပေမဲ့ ပျောက်နေသူကတော့ ခုထိ ပေါ်မလာခဲ့ပေ။

"ဝမ်!!!!"

နန်းတော်တစ်ခုလုံးလည်း နှံ့ခဲ့ပြီ ဖြစ်သလို စစ်ကျွေးဥယာဥ်ထဲလည်းရောက်ခဲ့ပြီ ဖြစ်သည်။ သို့သော် သူရှာနေတဲ့ ချစ်ရသူကပေါ်မလာခဲ့လေတော့ ထိုက်ရန်ရင်ထဲ မီးတောက်တို့ ဟုန်းထရလေတော့သည်။

မှတ်မိသွား၍များ သူ့ကို စွန့်ခွါလေသလား ဆိုတဲ့ စိတ်ကလည်း တစ်ဖန် သတ်နေသာမို့ ထိုစိုးရိမ်စိတ်တို့ကြောင့် ထိုက်ရန် အခါခါသေရပြန်သည်။

ခါရက်ပိုင်းတွေမှာ ဝမ်က မမှတ်မိပေမဲ့ ဝမ်က သူ့အနားမှာနေပြီး သူ့ရဲ့ ချစ်ရသူလေးအနေနဲ့ လိမ်လိမ်မာမာနေပေးနေတာကြောင့် ဝမ်ပျောက်သွားမှာကို သူတွေးမပူရပေမဲ့ ဒီနေ့မှာတော့ ခံစားချက်က မတူလေတော့။ ဝမ်အရာရာကို သတိရသွားလို့ သူ့ကို စွန့်ပစ်သွားရင် ဆိုတဲ့ စိတ်က ဘယ်လိုမှဖျောက်ပစ်မရတော့တာကြောင့် ထိုက်ရန်တစ်ယောက် ယွဲ့လျန့် အတိတ်ကို မမှတ်မိနိုင်တော့အောင်ကို နည်းလမ်းစဥ်းစားလာမိလေသည်။

တောင်းပန်ပါတယ် ဝမ် မင်းကိုယ့်အနားမှာ ထာဝရရှိနေဖို့ ကိုယ်ဘာမဆို လုပ်မှာမို့ တောင်းပန်ပါတယ်။

The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)Tahanan ng mga kuwento. Tumuklas ngayon