Unicode ver....
48.ကိုယ်က မင်းရဲ့ ကိုကိုလေ
ဝတ်ရုံဖြူဖြူလေးကို အသာခွါချလို့ ရေပတ်တိုက်တဲ့ အမှုကို လုပ်မယ်ကြံတော့ ဝမ်းဗိုက်ဖွေးဖွေးလေးထက်က အမာရွတ်ကြောင့် လူက တစ်ဖန် ငိုချရပြန်သည်။
ထိုအချိန်တုန်းက ဘယ်လောက်တောင် နာကျင်နေလိမ့်မလဲ။ ဘယ်လောက်တောင်များ တောင့်ခံလိုက်ရမလဲ။
သူမျက်ရည်ကျရပြန်ပြီ ဖြစ်သည်။ ဒါကို ချစ်ရသူက သိနေရင် ထပြီး သုတ်ပေးလေ မလား လျစ်လျူရှူ့လေ မလား။
ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ အသာဆွဲသွင်းလို့ ကျောဘက်ကို အသာရေပတ်တိုက်ပေးပြန်တော့နှလုံးသားထဲမှာ စူးခနဲ။
ကိုယ္သာ မျက်ကန်းဖြစ်မနေခဲ့ရင် ခုချိန်မှာ မင်းက ကိုယ့်ရင်ခွင်ထဲမှာ ရယ်မောနေနိုင်လောက်မလား။
ခန္ဓာကိုယ်မှာ ပြီးစီးလို့ လက်ဖဝါးလေးဖက်ရောက်လာတော့ လက်ဖဝါးနုနုလေးထက်မှာ ဓားရာက ကန့်လန့်။
"ကိုယ်မင်းဘဝထဲ ဝင်လာမှပဲ မင်းလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမာရွတ်တွေဖြင့် အများကြီးပဲ။ မင်းစိတ်မဆိုးဘူးလား အချစ်ရယ် စိတ်ဆိုးရင် ကိုယ့်ကို ထပြီးထုရိုက် အပြစ်ပေးစမ်းပါ ဒီလိုကြီးတော့ အိပ်မနေပါနဲ့။"
ထိုက်ရန် တွေးလေ နောင်တရလေ ဖြစ်လာတာကြောင့် ဖြေမဆည်နိုင်တဲ့ မျက်ရည်တို့က အစက်စက် ကြွေဆင်းသွားရလေသည်။
ချစ်ရသူရဲ့ ရင်ဘတ်ထက်မှာ မျက်နှာအပ်လို့ ငိုယိုနေခဲ့တဲ့ ထိုလူသားဟာ ဧကရာဇ် မင်းမြတ် တစ်ပါးဖြစ်ကြောင်း ယုံနိုင်ဖွယ်ပင် မရှိတော့ပေ။
"ဟင်"
သူ့ကျောပင်ကို ပုတ်ပေးနေတဲ့ လက်တစ်စုံကြောင့် ထိုက်ရန် ဝမ်းသာအားရနဲ့ အမြန်ထထိုင်လို့ ထိုလက်ကလေးကို အမြန်ဆုပ်ကိုင်ပြီး~~~~
"ဝမ် ဝမ်သတိရလာပြီလား ဝမ်ကိုယ်ပြောတာကြားသလား ဝမ်~~~~အပြင်မှာ ဘယ်သူရှိလဲ အခုပဲ သမားတော်ကို ပင့်ခဲ့စမ်း!!"
သတိကောင်းကောင်း ပြန်လည်တာမျိုးမဟုတ်ပေမဲ့ မျက်ခွံမို့မို့လေးက အသာလှုပ်ခတ်သွားပြီး မျက်ဝန်းမှေးလေးနဲ့ ကြည့်နေခဲ့လေသည်။ သူကိုယ့္ကို မြင်ရသလား မမြင်ရသလား သူမသိပေမဲ့ သူ့လက်ကို ဆုပ်လိုက်ဖြေလိုက် ဖြစ်နေတဲ့ လက်ကလေးကို ငုံ့ကြည့်လိုက် အိမ်မက်ထဲ မျောနေတဲ့ သူလို မျက်လုံးလေး မဖွင့်တဖွင့် ဖြစ်နေတဲ့ သူလေးကိုသာ သူက မျှော်လင့်တကြီး ကြည့်နေခဲ့လေသည်။
YOU ARE READING
The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)
Fanfictionရာဇာဧကရာဇ်တစ်ပါးရဲ့ ထွက်ဆိုထားတဲ့ သစ္စာစကားတစ်ခွန်းသည်က~~~ This story is Heavy Drama type. If you didn't like this type. Just go over and ignore it. Thank you.