Unicode ver...
8. (ငါ....သူ့ကို မချစ်ပါဘူး)
မီးရှူးမီးပန်းဖောက်သံတွေနဲ့ ရောင်စုံမီးသီးလေးတွေ ပြည့်္နှက်နေတဲ့ မြို့ရဲ့ ညချမ်းကို ဧကရာဇ်ငယ်က နန်းမြို့ရိုးပေါ်ကနေ ငြိမ်ငြိမ်လေး ငေးကြည့်္နေလေသည်။
"ရိပေါ်"
"ရှစ်ယင်း"
"လာ တစ်နေရာရာ သွားရအောင်"
"Ya! ရှစ်ယင်း ငါမသွား~~~"
တားဆီးချိန်တောင် မရလိုက်ပါပဲ လေအလျင်လို ဆွဲခေါ်သွားတဲ့ ရှစ်ယင်းနောက်ကို ရိပေါ်တစ်ယောက် တရွတ်မတိုက်ယုံတမယ်ပါသွားလေသည်။
မက်မွန်ပန်းပွဲတော် လုပ်နေတာကြောင့် မြို့ထဲမှာ စည်စည်ကားကား။ ရှောင်းအရှင်ကတော့ ဧကရာဇ်ငယ်ကို ဘေးနားမှာထားလို့ ဧကရာဇ်ငယ်ရဲ့ ပုံစံကို ခိုးခိုးကြည့်နေလေသည်။
ညမီးဗုံးတို့အောက်မှာ ရပ်တည်နေတဲ့ နို့နှစ်ရောင်လူသားလေးဟာ သာမာန်ထက် တောက်ပနေသယောင်။
"တိုတို သားညောင်းတယ်"
"လာ ကိုကို ကုန်းပိုးမယ်"
အတိတ်က မက်မွန်ပန်းပွဲတော်မှာ ခလေးငယ်တစ်ယောက်က သူ့ရဲ့ ညီငယ်လေးကို
ေကျာပေါ်တင်လို့ လျှောက်လည်ဖူးပါသည်။"မက်မွန်ပန်းပွဲတော်က အရင်လို စည်ကားနေတာပါပဲ။ သူမရှိတော့တာကလွှဲရင် အားလုံးအဆင်ပြေနေပြီပဲ"
"~~~~"
မျက်တောင်လေးပုတ်ခတ် ပုတ္ခတ်နဲ့ ခပ်တိုးတိုးရေရွတ်တဲ့ ဧကရာဇ်ကြောင့် ရှောင်းအရှင်က ဒေါသထွက်ရပါသည်။
ငါ့မှာတော့ လုပ်ကြံမဲ့ရက်ကို နောက်ဆုတ်လို့ သူ့ကို ပျော်စေဖို့တွေးမိသေးတယ်။ သင်းကတော့ အဲ့အခွင့်အရေးကို တန်ဖိုးမထားပဲ တစ်ပါးသူကို လွမ်းနေတယ်။ မတန်လိုက်လေခြင္း။
"ရိပေါ်"
"ဟင်!"
ရိပေါ် အသံလားရာဘက် လှည့်ကြည့်လိုက်တော့ ခန္ဓာကိုယ်လေးက တစ်ခဏသာလောက် တုန်တက်သွားရလေသည်။
အစွယ်ပါတဲ့ နတ်ဆိုးရုပ်နဲ့ လူသားက မျက်နှာဖုံးကို ခွါချတော့ မျက်ဝန်းကြည်တောက်တောက်လေးနဲ့ မှဲ့နက်ကလေးက အနည်းငယ်ရွေ့လျားသွားပြီး သူ့ရယ်မောပြနေတဲ့ ယောက်ျားပျိုတစ်ယောက်ကို တွေ့လိုက်ရလေသည်။
JE LEEST
The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)
Fanfictieရာဇာဧကရာဇ်တစ်ပါးရဲ့ ထွက်ဆိုထားတဲ့ သစ္စာစကားတစ်ခွန်းသည်က~~~ This story is Heavy Drama type. If you didn't like this type. Just go over and ignore it. Thank you.