Unicode ver....
41.ငါခွင့်မပြုဘူး
ရုတ်တရက် လှဲကျသွားတဲ့ ထိုက်ရန်ကြောင့် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားရလေသည်။
"ရာဇာသခင် ရာဇာသခင် ~~~"
"ဧကရာဇ် ဧကရာဇ်"
"ရှောင်းကျန့်~~"
"ဘယ် ဘယ်လိုလုပ်ကြမလဲ ဆရာတော် ဆရာတော်လေးကို ခေါ်ကြမယ်လေ"
အားလုံး ရုတ်ရုတ်သဲသဲဖြစ်နေချိန် ဆရာတော်လေးကို အော်ခေါ်ပြီး အမြန်ထွက်သွားတဲ့ သူကြီးကြောင့် ဂျင်ရိမှာ အမြန်ပဲ တားလိုက်ရလေသည်။
ဂျင်ရိတားလိုက်တာကြောင့် သူကြီး အနည်းငယ်တော့ ကြောင်သွားရလေသည်။
"ဧကရာဇ်က ဖြစ်စေချင်မှာ မဟုတ်ဘူး ဆရာတော်လေး သိသွားမှာကို။ ကျွန်တော်ကပဲ ကုသပေးပါ့မယ်"
သူကြီးသိပ်တော့ နားမလည်ပေမဲ့ ဂျင်ရိရဲ့ မျက်နှာရိပ်ကို ကြည့်ပြီးသာ ခေါင်းညိတ်လိုက်ရလေသည်။
ဓားသွားလို အေးစက်နေတဲ့ ခန္ဓာကိုယ်တို့ကြောင့် ကျန်းချန်နဲ့ ယွီပင်းလည်း ထိုက်ရန်ကိုယ်ပေါ်သို့ စောင်တွေ လွှားခြုံပေးနေရလေသည်။
~
~
~အရိပ်ဖြူဖြူတစ်ခုနောက်ကို ထိုက်ရန်တစ်ယောက် အမောတကော ပြေးလိုက်နေလေသည်။ သူအလျင်အမြန်ပြေးနေပေမဲ့ ဖြေးဖြေး မှန်မှန်သွားနေတဲ့ အရိပ်လေးကို လုံးဝ မမှီနိုင်ခဲ့ပေ။
"ဝမ် ကိုယ်တောင်းပန်ပါတယ် ရပ်ပါတော့ ဝမ်!"
"~~~"
သူတောင်းပန်နေပေမဲ့ လုံးဝ လှည့်ကြည့်မလာတဲ့ ဆရာတော်လေးဟာ ထိုက်ရန်ကို လုံးဝ ပစ်ထားဟန်ရသည်။
"ကိုယ်တောင်းပန်ပါတယ် ခဏရပ်ပေးပါ~~~အ့!"
စကားတို့ပင်မဆုံးလိုက် ဗိုင်းခနဲ လှဲကျသွားတဲ့ ထိုက်ရန်ကြောင့် ယွဲ့လျန့် ခြေလှမ်းတို့ ရပ်တန့်သွားရလေသည်။
"ဝမ်"
ထိုက်ရန်ရဲ့ ခေါ်သံတိုးတိုးနောက်မှာ ယွဲ့လျန့် အသာပြုံးပြီး~~~
"ကျွန်တော် ရပ်လိုက်တာ ကြာပါပြီ ဧကရာဇ်ကပဲ မရပ်သေးတာပါ"
"ဝမ် ဘာကို ဆိုလိုချင်တာလဲ"
DU LIEST GERADE
The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)
Fanfictionရာဇာဧကရာဇ်တစ်ပါးရဲ့ ထွက်ဆိုထားတဲ့ သစ္စာစကားတစ်ခွန်းသည်က~~~ This story is Heavy Drama type. If you didn't like this type. Just go over and ignore it. Thank you.