Unicode ver...
39.သံယောဇဥ်မဲ့ ဆရာတော်
ရောဂါတွေ ပျံ့နှံ့နေတဲ့ ရွာဆိုတာ မယုံနိုင်လောက်အောင် ဒီနေ့မှာတော့ ရွာလေးဟာ သန့်ရှင်းပြီး အေးချမ်းနေလေသည်။
အိမ်တိုင်းမှာ နေမကောင်းတဲ့ လူတွေ ရှိနေသေးပေမဲ့ ရုပ်ပျက်ရှင်းပျက်တော့ မဟုတ်လေတော့။
ထိုရွာထဲက အိမ်တွေဆီ တစ်အိမ်ဝင် တစ်အိမ်ထွက်လုပ်နေတဲ့ ဝတ်ရုံဖြူဝတ်ထားပြီး ခါးမောက်ပါဆောင်းထားတဲ့ လူနောက်ကို လူငယ် လေးငါးယောက်လောက်က လိုက်သွားလေသည်။
"အဖွား နေရသက်သာပါရဲ့လား"
"သက်သာလာပါပြီ ဆရာတော်လေးရယ်။ အဖွား တကယ် ကျေးဇူးတင်ပါတယ် ဆရာတော်လေးရယ်။"
"မလိုပါဘူး အဖွားရယ်။ အဖွား မြန်မြန်နေကောင်းအောင်သာ လုပ်ပါနော်"
ဆရာတော်လေးက အဖွားကို အပြုံးလေးနဲ့ နှစ်သိမ့်ပေးပြီး အိမ်ပြင်ကနေ ထွက်လာလိုက်လေသည်။
ရွာထဲ စီးဝင်နေတဲ့ ချောင်းလို့ မဆိုလောက်သည့် သုံးနိုင်လောက်တဲ့ မြောင်းရေတွေကလည်း အရင်လို မဲညစ်မနေတော့ပဲ ကြည်လင်နေလေပြီ ဖြစ်သည်။
ရွာတွင်းပိုင်း လိုအပ်တဲ့ သန့်ရှင်းမှုတွေကလည်း ပြီးပြည့်စုံလာပြီ ဖြစ်တာကြောင့် ရွာလေးက အရင်လို စုတ်ပြတ်မနေတော့ပေ။
ဆရာတော်လေးက ရွာကို ဝေ့ဝိုက်ကြည့်နေတုန်း သူ့ရဲ့ ဝတ်ရုံစ အနည်းငယ်တင်းသွားတာကို ခံစားမိတာကြောင့် ငုံ့ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်က သူ့ဝတ်ရုံစကို ဆုပ်ကိုင်ထားခြင်းဖြစ်လေသည်။
"သမီးလေးက ဘာလိုချင်လို့ပါလဲ"
ဆရာတော်လေးက သမီးငယ်လေးရဲ့ ခေါင်းကို ပွတ်ပေးရင်း ဆိုလာတော့ ခလေးမလေးက~~~
"ဘိုးဘိုးပြောတာ ကြားတယ် ဆရာတော် သွားတော့မယ်ဆို"
"ဟုတ်ပါတယ်ခင်မျာ ဆရာတော် သွားရပါတော့မယ်။ ဒီ်မှာနေလာတာကြာပြီလေနော် ရွာထဲက ဒေါ်ဒေါ်တို့က ထမင်းမကျွေးထားနိုင်တော့ဘူးတဲ့"
ဆရာတော်လေးက ခလေးမလေးကို စနောက်သလိုပြောဆိုတော့ ခလေးမလေးက
ငိုမဲ့မဲ့လေးနဲ့ ~~~~
BINABASA MO ANG
The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)
Fanfictionရာဇာဧကရာဇ်တစ်ပါးရဲ့ ထွက်ဆိုထားတဲ့ သစ္စာစကားတစ်ခွန်းသည်က~~~ This story is Heavy Drama type. If you didn't like this type. Just go over and ignore it. Thank you.