Extra

2.7K 155 41
                                    

Unicode ver....

မိုးစဲကလေးတွေ သစ်ရွက်စိမ်းစိမ်းလေးပေါ် ဆင်းသက်လေတော့ သဘာဝ သံစဥ်ကလေးတွေ ထွက်ပေါ်တယ်။ မိုးစက်အလေးချိန်လေး ပိုလာလေတော့ မခံနိုင်တော့ဟန်ရတဲ့ သစ်ရွက်ကလေးတွေက ခါချလေတော့ မိုးစက်တွေက မြေပြင်ပေါ် စက်ခနဲ အသံပြုလို့ ကြွေပြန်တယ်။

မိုးရာသီလေးမို့ ပန်းမျိုးစုံလည်း ဝေဆာတယ်။ ပြီးတော့ ငှက်မျိုးစုံလည်း သီးချင်းသံတွေ သီကျူးတယ်။ အဟင်း ဒါပေမဲ့ ခုတလော သဘာဝပေးသံတွေက ကျွန်တော့် နောက်ကျောဘက်က တဒုတ်ဒုတ် မြည်နေတဲ့ အသံလောက် သိပ်မသာယာနေဘူးရယ်။

မိုးအုံ့လို့သာ မထင်ရှားတာ ပုံမှန်လောက်ဆို နေက မြင့်နေလောက်ရောပေါ့ ကျွန်တော် အရူးရင့်သွားတာလည်း ဖြစ်သင့်တယ် မလား။

ခပ်မာမာ လက်မောင်းကြီးပေါ် ပါးဖောင်းကလေး ကပ်တင်ထားရာကနေ ခန္ဓာကိုယ်ကလေးလှည့်လို့ ဗလာကင်းနေတဲ့ ရင်ဘတ်ပေါ်မှာ မျက်နှာအပ်လို့ စည်းချက်မှန်မှန် ခုန်နေတဲ့ နှလုံးခုန်သံလေးကို နားစွင့်ရင်း အရင်ဧကရာဇ်ငယ်လေးဟာ  ထပ်အိပ်ဖို့ ကြိုးစားပြန်သည်။

ထိုချိန်တည်းမှာတင် အခုန်မြန်လာတဲ့  နှလုံးခုန်သံကြောင့် ဧကရာဇ်ငယ်လေးက ဘဲသီးနှုတ်ခမ်းလေးဖြစ်အောင် စူထော်ပြီး~~~~

"နိုးနေလည်း ထဖို့မကြံနဲ့ သွားရဲသွားကြည့် ငါ့အကြောင်းသိမယ်"

"ဟက်"

သူ့စကားဆုံးတော့ သဘောတကျ ရယ်သံတိုးတိုးက ခေါင်းထက်ဆီက ကြားရလာတယ်။

"ဘယ်ကိုမှ မသွားပါဘူးခင်မျာ စိတ်ချလက်ချ ပြန်နားလို့ ရပါတယ်ခင်မျ"

"~~~~"

ဘာမှတော့ ပြန်မပြောပေမဲ့ နှုတ်ခမ်းဖူးလေး ရင်ဘတ်ကို ထိုးလို့ ပြန်အိပ်သွားသူက အနည်းငယ်တော့ ဆိုးနေပါသည်။

ဒါပေမဲ့ သူဆိုးနေတာလေးက ချစ်ဖို့ကောင်းလွန်းပါသည်။

ရင်ခွင်ထဲမှာ  လှုပ်စိ လှုပ်စိနဲ့ အငြိမ်မနေတဲ့ ကိုယ်လုံးလေးကြောင့် ကျွန်တော်နိုးနေတာ ကြာလှပြီရယ်။ ဒါပေမဲ့ သူလေးက ထဖို့တော့ အစီအစဥ်ရှိဟန်မရဘူးရယ်။ ဒီနေ့အတွက် သူလေးကို ပြုစုဖို့ ညီလာခံကိုလည်း ဖျက်သိမ်းထားပြီးသား ထိုအရာကို မသိရှာတဲ့ ဧကရာဇ်လေးက အမိန့်ကလေးဆိုလာလေတော့ ကျွန်တော့်မှာ မြတ်မြတ်နိုးနိုးနဲ့သာ လက်ခံလိုက်ရတော့တာပါပဲ။

The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)Où les histoires vivent. Découvrez maintenant