Part-2

3.1K 319 2
                                    

Unicode

"ဟင့်အင်း သားမလိုက်ချင်ဘူး လွှတ်လွှတ်"
"လိုက်ခဲ့ပါသားရယ် သားကောင်းဖို့အတွက်ပဲဟာ"
"ဟင့်အင်း ဟင့်အင်း "
"လိုက်သွားပါသားရယ် နော်"

နောက်ဆုံးတော့ ရောက်လာခဲ့ပြီ သူအကြောက်ဆုံးနေ့ကိုရောက်လာခဲ့ပြီ မိဘမဲ့ကလေးတစ်ယောက်မှာ မွေးစားမဲ့သူပေါ်လာခြင်းက နည်းတဲ့ကံကောက်းမှုမဟုတ်ဘူးဆိုပေမဲ့ သူ့အတွက်တော့ အလွန့်အလွန်ကံဆိုးခြင်းပါ

မိဘမဲ့ဂေဟာထဲကို ၀င်လာထဲက သူ့ကိုပဲကြည့်နေသော ဒီနေ့အတွက် အလှူရှင်တွေကိုမြင်ထဲက ရိပ်တော့ရိပ်မိလိုက်ပါသည် ထင်တဲ့အတိုင်း ခဏနေတော့ ရုံးခန်းထဲ၀င်သွားကာ ဆရာမကြီးနဲ့စကားပြောပြီး သူ့ကိုမွေးစားဖို့ လာပြောတဲ့သူတွေ
မလိုက်ချင်ပါဘူးဟု တွင်တွင်ငြင်းနေသောသူ့ကို မရမကဆွဲခေါ်နေတဲ့ သူတွေ သူ့ထက်ချစ်စရာကောင်းတဲ့သူတွေရှိနေပါရက်နဲ့ သူ့ကိုရွေးချယ်သွားတာက သူသာသိတဲ့သူ့ရဲ့ကံဆိုးမှု

Kookie ဆိုတဲ့ကောင်လေးကတော့ ဘာမှ၀င်မပြောရှာ ရုန်းကန်နေတဲ့သူ့ကို မျက်ရည်တွေစီးကျကာ ငေးကြည့်နေသည် မသွားချင်ပါ Jungkook နဲ့ဝေးရာကို သူလုံး၀ထွက်မသွားချင်ပါ သူကောင်းဖို့မကလို့ ဘာကြီးကောင်းဖို့ပဲဖြစ်နေပါစေ လုံး၀မလိုက်နိုင်ပါ
ကတိပေးထားတယ်လေ Jungkook နဲ့တစ်သက်လုံးအတူနေမယ်လို့ ကတိပေးထားတယ်လေ

"လိုက်ခဲ့ပါသားလေးရယ် အနိတီ့ကိုသနားရင်တော့ လိုက်ခဲ့ပါနော်"

ခက်သည် ကာယကံရှင်ကိုယ်တိုင်က မလိုက်ပါဘူးဟု ငြင်းနေတာကို ငိုယိုပြီးအတင်းခေါ်နေတဲ့
အဒေါ်ကြီးကြောင့်ပိုခက်ပါသည် သူ့ခန္ဓာကိုယ်ကို အတင်းရောကာဖက်ပြီး ကားပေါ်‌သို့ အကြမ်းပတမ်းဆွဲခေါ်နေတဲ့ အဒေါ်ကြီးက ရူးနေတာလားမသိ
သူနာနေပြီလေ ကုပ်ဖက်ထားတဲ့လက်သည်းရှည်တွေရဲ့ အားကြောင့် သူ့အသားတွေထိပေါက်၀င်ကာ နာနေတာကို ဂရုမစိုက်သည့်အလား ဆွဲခေါ်နေသည်

"ဟင့်အင်းလွှတ်ပေးပါ သားနာနေပြီ လွှတ်ပါတော့"
"မရဘူး လိုက်ခဲ့ရမယ် သားပါမှသွားမှာ"
"ကလေးကအရမ်းရုန်းနေရင်တော့ အတင်းအကြပ်ကြီးမလုပ်ပါနဲ့လားရှင်"
"ဘာ!!!!မရဘူး သားကိုရအောင်ခေါ်သွားမှာ လာသွားစို့"

SYMPHONY (Completed)Where stories live. Discover now