part -13

1.6K 192 2
                                    

Unicode

"ဒုန်း....အား"
"ဟယ် jungkookie သားလေးအဆင်ပြေလား ထနိုင်ရဲ့လား"

ရှေ့မမြင် နောက်မမြင်နဲ့ jimin hyung နောက်တကောက်ကောက် လိုက်နေရာမှ ခလုတ်တိုက်ပြီး ကြည့်မလှရှုမလှအောင် မှောက်ရက်လဲတဲ့ သူ့ကို ဆရာမကြီးတို့က အပြေးအလွှားလာထူနေသည်။
ဒူးခေါင်းပြဲသွားသည်ထင်ပါရဲ့ နာနေသည့်ကြားမှ သက်ဆိုင်သူကို အားကိုးတကြီးမျှော်ကြည့်မိ‌ တော့သူ့ကိုတစ်ချက်သာလှည့်ကြည့်ပြီး အဖက်မလုပ်ဘဲ ထွက်သွားတဲ့ hyung။ သူနဲ့မဆိုင်သလို ထွက်သွားသူ သူကိုမျှော်ကြည့်ရင်း မကုန်နိုင်သေးတဲ့ မျက်ရည်တို့ကပြန်ကျလာပြန်သည်။ ပြောရင်ပြောတဲ့အတိုင်းလုပ်တဲ့hyung ရဲ့ ပထမဆုံးအကြိမ် ဥပစ္ခာပြုမှုတွေကို သူနေသားမကျနိုင်သေးပါ။

"သားဘာလို့လဲ အရမ်းနာလို့‌ငိုနေတာလား ဆရာမကြီးဆေးထည့်ပေးမယ်နော် နေဦးနေဦး"

ဘေးနားမှ ဆေးထည့်ပေးမယ်ဆိုပြီး ချော့နေတဲ့ ဆရာမကြီးရဲ့ အသံက နားထဲမရောက်။ ဒီဒဏ်ရာလောက်လေးက သူ့အတွက် မဖြစ်စလောက်
ဆိုပေမဲ့ ပထမဆုံးအကြိမ်အဖြစ် hyung ရဲ့သူ့အပေါ် ပစ်ပစ်ခါခါ ပြုမှုတွေကြောင့် အရွယ်ရောက်နေပြီဖြစ်သော ယောက်ျားကြီးတန်မဲ့ အရုပ်ပျောက်သော ကလေးတစ်ယောက်လို အော်အော်ပြီးသာငိုချလိုက်မိပါသည်။ ကျောခိုင်းသွားသော hyung ကိုမျက်ရည်တွေကြားမှ ငေးကြည့်ရုံမှတစ်ပါး သူဘာမှမလုပ်တတ်တော့။

*************************************

"အာ့ အား..."
"ကျွတ်ကျွတ်ကျွတ်"

ဆေးလိမ်းလိုက်တော့ စပ်လို့ထင်ပါရဲ့ အိပ်နေရင်းနဲ့ ညည်းနေသည်....တစ်နေလုံး jungkookie တစ်ယောက် သူ့နောက်ကို တစ်ကောက်ကောက်လိုက်နေတာ သူသိပါသည်...သို့ပေမဲ့ စကားလဲ မပြောမိသလို လှည့်လဲမကြည့်မိ။ Jungkook ကောင်းဖို့အတွက်ဆိုပြီး တင်းခံနေရတာ သိပ်လွယ်ကူတဲ့
ကိစ္စတော့မဟုတ်။

သူ့နောက်ကိုလိုက်ရင်း ချော်လဲတာမြင်တော့ ပြေးထူပေးချင်တဲ့စိတ်က အရူးတစ်ပိုင်း။ အရိပ်တကြည့်ကြည့် စောင့်ရှောက်ခဲ့ရသူမို့ ပွန်းပဲ့ရာသေးသေးလေးတောင် အဖြစ်မခံနိုင်တဲ့အထိ တန်ဖိုးထားရပါသည်။ သို့ပေမဲ့ လဲနေတဲ့ Jungkookကို တစ်ချက်သာကြည့်ပြီး ထွက်လာခဲ့သည်။

SYMPHONY (Completed)Where stories live. Discover now