Part-27

2.3K 256 8
                                    

Unicode//

"တကယ်တော့ ပျော်ရွှင်ခြင်းဆိုတာ တကူးတကရှာဖွေရတာထက် စိတ်ထဲကလာတဲ့ ပျော်ရွှင်မှုကမှ တကယ်စစ်မှန်တဲ့ ပျော်ရွှင်မှုပါပဲတဲ့....... hyung သိရဲ့လား ကျွန်တော့်အတွက်ကတော့ အ‌ကောင်းဆုံးဆိုတဲ့ နေရာတွေလဲ မလိုအပ်သလို အမြင့်ဆုံးဆိုတဲ့ အဆင့်အတန်းတွေလဲ မလိုအပ်ပါဘူး.. hyung ကသာကျွန်တော့်ရဲ့‌ ပျော်ရွှင်မှုမို့လေ သိတယ်မလား"

‌ နေ့တိုင်းနေ့တိုင်း hyung ကို ပုံပြင်လေးတွေ ၀တ္ထုလေးတွေ ဖတ်ပြရင်း စကားတွေ ပြောပြောပေးလေ့ရှိသည်။ ဟုတ်တယ်...hyung ကြားမယ်ဆိုတာယုံကြည်လို့ သူဒီလိုတွေလုပ်နေတာ။ hyung သေချာကြားပြီး မြန်မြန် နိုးလာပါစေတော့ ဆိုတဲ့ မျှော်လင့်ချက်နဲ့လေ... ညဘက်တွေမှာတော့ သီချင်းတွေ ဆိုပြလေ့ရှိသည်။ အင်း... အနားမှာ hyung ရှိနေတယ်ဆိုတဲ့အသိနဲ့တင် သူစိတ်‌အေးရပါတယ်။
အကြာကြီး ခွဲခွာရဖူးတော့ ဒီတိုင်းလေးမြင်နေရတာကိုက သူ့အတွက်ကျေနပ်လို့မဆုံး...

ဒီနေ့ hyung ကိုသူဖတ်ပြဖြစ်တဲ့ စာအုပ်လေးက
Eric Weiner ရဲ့ "the geography of Bliss"
ဆိုတဲ့စာအုပ်လေး.. စာရေးဆရာက ပျော်ရွှင်မှုဆိုတဲ့ အရာကို ရှာဖွေချင်လို့ ကမ္ဘာမှာ အပျော်ရွှင်ရဆုံးဆိုတဲ့ နိုင်ငံတွေကို ခရီးသွားခဲ့တယ်တဲ့ ပျော်ရွှင်မှုဆိုတာ ကာလံဒေသအလိုက် အမျိုးမျိူပြောင်းလဲနိုင်ပေမဲ့ တကယ်တမ်းတော့ စိတ်ထားတတ်ဖို့ကအရေးကြီးဆုံးပါပဲ...အင်း..ကံကောင်းတယ်ပဲ ပြောရမလား သူ့ရဲ့ပျော်ရွှင်မှုလေးကတော့ တကူးတကရှာစရာမလိုဘဲ သူ့နားမှာရှိနေသည်လေ။

( "the geography of Bliss" ဆိုတာ ဆရာချမ်းမြေ့၀င်း ဘာသာပြန်ထားတဲ့ "သုခမြေပုံ" ဆိုတဲ့ စာအုပ်လေးပါနော် ဖတ်ဖူးတဲ့သူတွေလဲ ရှိကောင်းရှိနိုင်ပေမဲ့ မဖတ်ရသေးရင်လဲ သွားဖတ်ကြည့်ကြပါလို့..နိုင်ငံတွေနဲ့လူမျိုးစုတွေ ရဲ့ယဉ်ကျေးမှုတွေကို သေချာလေ့လာနိုင်မဲ့အပြင်  ကိုယ်တိုင်ခရီးသွားနေရသလိုပါပဲ ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်ကတော့ ကိုယ်တိုင်ရှာဖွေမှရပါလိမ့်မယ်နော် စိတ်ထားတတ်ဖို့က အရေးကြီးဆုံးပါပဲ)

"အာ... Mr.Jeon Doctor ကဆွေးနွေးစရာရှိလို့ ခဏလောက် လာခဲ့ပါဦးတဲ့"
"ဗျာ...ဟုတ်ဟုတ်"

SYMPHONY (Completed)Where stories live. Discover now