Part-17

1.6K 212 3
                                    

Unicode

"မင်းမှာအသိတရားရှိသေးရဲ့လား...ဟမ်!!! နောက်နှစ်ပတ်လောက်နေရင် ပွဲဦးထွက်ရမဲ့သူရဲ့ မျက်နှာမှာ ဒီလိုဒဏ်ရာတွေဖြစ်နေရင် မင်းဒီအလုပ်ကို ဘယ်လိုဆက်လုပ်မလို့လဲ... မင်းခေါင်းထဲမှာ ဘယ်လိုစိတ်ကူးတွေရောက်နေမှန်း ကိုယ်တွေးလို့မရတော့ဘူး!!"

ဒေါသထွက်နေပုံ‌ရတဲ့ သူ့ရှေ့က Jung Hara ဆိုတဲ့အမျိုးသမီးပြောသမျှကို ဘာမှပြန်လည်မချေပပဲ ခေါင်းငုံ့လျက်သာ ခံနေလိုက်တော့သည်။ တကယ်လဲ ပြန်မပြောနိုင်ပါ သွေးပူတုန်းက ဘယ့်နှယ်မှ မနေခဲ့တဲ့ ဒဏ်ရာတွေက အချိန်ကြာလာတာနဲ့အမျှ ကိုက်ခဲလာကာ စကားပြောဖို့အတွက် လှုပ်တောင်လှုပ်မရ.. မျက်နှာပြင်တစ်ခုလုံး ဖူးယောင်ကာ စုတ်ပြတ်သတ်နေပုံက ‌ဘယ်လောက်မှမလိုတဲ့ ရက်အတွင်းမှာ ပွဲဦးထွက်မဲ့ တက်သစ်စအဆိုတော်တစ်‌ယောက်ဆိုတာ ယုံဖွယ်ရာမရှိ။

"ထားပါ...ဒါတွေပြောနေလဲ အသုံး၀င်မှာမဟုတ်ဘူး နောက်တစ်ခါ ဒါမျိုးထပ်မဖြစ်စေနဲ့တော့ လို့ပဲပြောရမှာပဲ Idol ဖြစ်ဖို့ ဆုံးဖြတ်ထားရင် Idol တစ်‌‌ယောက်လိုနေလေ အရာရာကို သွေးပူလွယ်နေရင် မင်းအတွက် ရှေ့ရေးမှာ အခက်အခဲတွေရှိလာနိုင်တယ် အနုပညာလောကဆိုတာ မင်းတွေးထားတာထပ် ပိုရက်စက်တယ်ဆိုတာ အမှန်တရားပဲ
ကိစ္စတိုင်းကို ဒီလိုနည်းနဲ့ ဖြေရှင်းနေရင် မင်းဒီလောကမှာလုံး၀ ရပ်တည်နိုင်မှာမဟုတ်ဘူး"

ခေါင်းငိုက်စိုက်ချကာ ဘာမှပြန်မပြောဘဲ မထုံတတေးလုပ်နေတဲ့ လူသားကြောင့် မနေနိုင်တဲ့ သူမကပဲ
လျှော့ရတော့သည်။ ဒါတောင်ခေါင်းမာနေဆဲဖြစ်တဲ့ လူသားဟာ ခုထိ အင်းမလုပ်အဲမလုပ်။

"ရပါတယ် ကျွန်တော့်ဘာသာ ထည့်လိုက်မယ်"

ဖူးယောင်နေတဲ့ ဒဏ်ရာတွေကြောင့် ဆေးထည့်ပေးမယ်လုပ်ပေမဲ့ လက်ကိုချက်ချင်းကာပြီး တားလိုက်တဲ့သူကြောင့် သူမရင်ထဲမှာ ဖျင်းခနဲ... ဆက်နေလဲ မထူးမှာသိတာကြောင့် တိတ်တဆိတ်ပဲ ထွက်လာခဲ့တော့သည်။

Jung Hara ဆိုတဲ့ အမျိုးသမီး ထွက်သွားမှ သက်ပြင်းချကာ hyung ဆီဖုန်းဆက်ဖို့ ပြင်ရတော့သည်။ မထင်ရင်မထင်သလို စေတနာတွေပိုလျှံပြတဲ့ သူမရဲ့ ရေလာမြောင်းပေး အမူအရာတွေကို သူလုံး၀သဘောမကျပါ။ မတတ်သာလို့ ပတ်သက်နေရတဲ့ ဆက်ဆံရေးကြီးကို သူကတော့ သိပ်ငြီး‌ငွေ့ပါသည်။

SYMPHONY (Completed)Where stories live. Discover now