Part-1

9.5K 477 13
                                    

Unicode

"Jungkookie လေးက ကြီးလာရင် အဆိုတော်ကြီးဖြစ်ချင်တာလား"
"ဟုတ်"

ရှေ့ကနေမပီကလာပီကလာနဲ့ သူသိသမျှသီချင်းတွေကို အသံနေအသံထားနဲ့ ဆိုပြနေတဲ့ 8 နှစ်အရွယ် ကောင်လေးအား အသဲယားစွာ မေးလိုက်တော့ အားပါးတရပြန်ဖြေသည်က "ဟုတ်" တဲ့

ဘ၀ပေးအကြောင်းမလှခဲ့လို့ ဒီလိုမိဘမဲ့ဂေဟာမှာ
ကြီးပြင်းခဲ့ရတဲ့ သူ့အတွက် ဒီနေရာမှာပဲ တွေ့ဆုံခွင့်ရခဲ့တဲ့ Jungkookie ဆိုတဲ့ ယုန်သွားလေးတွေနဲ့ ချစ်စရာကောင်ငယ်လေးက သူ့ရဲ့တစ်ခုတည်းသော အသက်ရှူပေါက်လေးဖြစ်ခဲ့သည်

ဒီမိဘမဲ့ဂေဟာကို သူကိုယ်တိုင် ရောက်လာတုန်းက အသက် 8နှစ်သာ ရှိခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ
အရာအားလုံးကို နားလည်နေတတ်ခဲ့ပြီ
သူငယ်ငယ်လေးတည်းက မိန်းမတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာပြီး သူနဲ့သူ့အမေကို ရက်ရက်စက်စက် မောင်းထုတ်ခဲ့တဲ့
သူ့အဖေဆိုသောသူရဲ့ ပုံရိပ်တွေကမှတ်ညာဏ်ထဲမှာတော့ မှုန်မှုန်ဝါးဝါးသာ ကျန်ခဲ့တော့သည်
အခုနေထိပ်တိုက်ပြန်တွေ့ရင်တောင် လုံး၀မှတ်မိနိုင်မှာမဟုတ်....
အဖေအရင်းဆိုတဲ့သူဆီကနေ လူမမယ်အရွယ်ထဲက မေတ္တာမရခဲ့တဲ့အပြင် ခွေးလို၀က်လိုမောင်းထုတ်ခံခဲ့ရသူမို့ အဖေဆိုတဲ့သူအား သိပ်နာကျည်းပါသည်....

အမေဖြစ်သူကတော့ အိမ်ကမောင်းထုတ်ခံလိုက်ရတဲ့နောက်ပိုင်း သူ့လက်ကိုဆွဲကာ ခြေဦးတည့်ရာ လျှောက်သွားရင်း တိုက်ခန်းကျဉ်းလေးထဲတွင်‌ တော်တော်ကြာအောင် အတူတူနေခဲ့သည်ဟု
ထင်ရတာပါပဲ
အမေနဲ့အတူနေခဲ့ရတဲ့ အမှတ်တရ‌တွေက သူ့အတွက်တော့ ခါးသီးတာထပ် ပိုလွန်းခဲ့သည်

အမြဲတမ်း အရက်ပုလင်းထဲ ခေါင်းစိုက်နေခဲ့သော အမေ မူးလာရင် ဘာဘာညာညာမစဉ်းစားပဲ ဘာမှနားမလည်တဲ့ 8နှစ်အရွယ် လူမမယ် ကလေးတစ်ယောက်ဖြစ်တဲ့သူ့ကို မသေရုံတမယ် ရိုက်နှက်ကာ ပြသနာရှာတတ်ပါသော အမေ
‌ကောင်းကျိုးမပေးတဲ့ကလေး
ပြသနာအိုး စသောရက်ရက်စက်စက်စကားလုံးတွေနဲ့ နုနုနယ်နယ်ကလေးတစ်ယောက်ရဲ့ ရင်ထဲကို သံမှိုစွဲသလိုဖြစ်အောင် ပြောထွက်နိုင်သောအမေ

SYMPHONY (Completed)Where stories live. Discover now