Unicode
အဲ့လိုလား...ငါသာထွက်သွားပေးရင် Jungkook အတွက်တကယ်အဆင်ပြေသွားမှာလား ငါက Jungkook အတွက် အနှောင့်အယှက်တစ်ခုသာသာပဲလား တွေးလေတွေးလေ ဆောက်တည်ရာမရလေဖြစ်တဲ့ သူ့စိတ်ကို "Jungkook ရဲ့တက်လမ်းကိုမဆွဲချပါနဲ့" ဆိုတဲ့ Jung Hara ရဲ့စကားတွေက အဖန်ဖန်ထိုးနှက်သည်....
ထွက်သွားပေးရမယ်တဲ့လား...ပြောတော့ဖြင့်လွယ်လိုက်ကြတာ ခံစားဖူးမှသိမယ်ဆိုတဲ့အတိုင်း Jungkook နဲ့သူနဲ့ အတူရှိခဲ့ကြတာက တစ်နှစ်နှစ်နှစ်လဲမဟုတ် လူမမယ် ကလေးအရွယ်ထဲက ဆိုးတူကောင်းဖက် နေလာခဲ့ကြတာ... ဘ၀မှာ Jungkook နဲ့အကြာဆုံးခွဲဖူးတာဆိုလို့ အခုအချိန်ပဲရှိသည်။ နှစ်ရှည်လများစွာ အထပ်ထပ်ချည်နှောင်ခဲ့ရတဲ့ သံယောဇဉ်ကို ထွက်သွားပေးပါဆိုတဲ့စကားလေးကြောင့် အလွယ်တကူဖြတ်လိုက်ရရင် နှမြောလွန်းလို့ သေရပါချည်ရဲ့
မျက်နှာပြောင်တိုက်တယ်လို့ပြောလဲ ခံပါ့မယ် တစ်ကိုယ်ကောင်းဆန်တယ်ပြောလဲ မငြင်းပါဘူး
တကယ်လို့...တကယ်လို့များ... Jungkook အရမ်းပင်ပန်းသွားတဲ့အချိန်ရောက်ရင် ခိုနားစရာအိမ်လေးအဖြစ် အသင့်ရှိနေသေးချင်ရုံပါ။ အမြင့်ကိုရောက်သွားပြီဖြစ်တဲ့ Jungkook အတွက် ဒီထပ်ခိုးထပ်ကနေရာလေးက သေးနုပ်နေနိုင်ပေမဲ့ တကယ်လို့များ ပြန်လာခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်လေးတော့ ထားချင်သေးပါသည်။ လာတာမလာတာက Jungkook အပိုင်းပါ သူကတော့ တစ်သက်လုံးစောင့်နေမှာပဲ။ကျနိုင်လွန်းတဲ့ မျက်ရည်တွေကို လက်ဖြင့် ခပ်ကြမ်းကြမ်းသုတ်ရင်း ပင့်သက်ရှိုက်မိတော့ တိုက်ခန်းကျဉ်းလေးထဲက Jungkook ရဲ့အငွေ့အသက်တွေကို ပြန်မြင်ရသည်။
ရူးတော့မလိုပါပဲ...သူတကယ်ရူးတော့မလိုပါပဲ.....VIP Concert ticket တွေကိုလက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ဆုံးဖြတ်ချက်ချမိသည်က လုံး၀ထွက်မသွားဘူးဟူ၍....
Jungkook ကလွဲပြီးဘယ်သူကမှ သူ့အပေါ် အမိန့်ပေးလို့မရစေရဘူး...ဘယ်သူကမှ....********************
"Jiminie hyung ကို ticket တွေပေးပြီပြီလား
Hyung ကလာမယ်တဲ့လား
Hyung ကဘာတွေပြောလိုက်သေးလဲ
Hyung ပုံစံကဘယ်လိုလဲ
အရင်လိုလန်းလန်းဆန်းဆန်းပဲမလား"
YOU ARE READING
SYMPHONY (Completed)