Part-16

1.7K 197 5
                                    

Unicode

"10 မိနစ်လောက်နားပြီးပြန်စမယ် Jungkook"
"ဟုတ်"

ချွေးတလုံးလုံးနဲ့ မောဟိုက်နေတဲ့ ခန္ဓာကိုယ်ကို ခဏလောက်မေ့ထားပြီး ရတဲ့ 10 မိနစ်ဆိုတဲ့ အချိန်လေးမှာ အခန်းထဲကဖုန်းဆီ အပြေးသွားမိသည်။ အချိန်ကလဲ ည 10နာရီခွဲလောက်ရှိနေပြီ ဒီညအတွက် ဘယ်အချိန်မှ နားရမလဲမသိတာကြောင့် ဒီထက်နောက်ကျသွားရင် hyung အိပ်ရေးပျက်နေမည်ဆိုး၍ ရတဲ့အချိန်လေးမှာ အပြေးအလွှားဖုန်းခေါ်ဖို့ပြင်ရသည်။

Hyung ကသူ့ဖုန်းမလာမချင်းထိုင်မျှော်နေမှာ သိတာကြောင့် မောတာဘာညာ ခဏထားပြီး ဆက်ရဦးမည်...

"ဟယ်လို.... jungkookie အဆင်ပြေလား အဲ့ကလူတွေနဲ့ အဆင်ပြေရဲ့လား နေ့လည်စာတွေ ညနေစာတွေရော စားပြီးပြီလား"

ဖုန်း၀င်၀င်ခြင်း တတွတ်တွတ် မေးနေသော hyung ရဲ့အသံလေးကြောင့် practice roomထဲမှာ အသက်ရှူရပ်လောက်အောင် မောပန်းလာသမျှက တကယ်ယူပစ်လိုက်သလို.. နုန်းချိနေတဲ့ ခန္ဓာကိုယ်ကပါ အားတွေပြန်ပြည့်လာတဲ့အတိုင်း ခံစားရတယ်ဆိုတာ အပိုတွေမဟုတ်..

"Aigoo... ဖြည်းဖြည်းမေးပါ hyung ရဲ့ ဒီမှာအားလုံးအဆင်ပြေတယ် အစားလဲ သေချာစားပြီးပြီ
စိတ်ပူမနေနဲ့နော်"

"ဟုတ်လား...တော်သေးတာပေါ့ မနက်ကလဲ hyung ကိုတောင်မနှိုးဘဲထွက်သွားလို့ စိတ်မကောင်းဖြစ်နေတာ"
"အဲ့တာက hyung အိပ်ရေးမ၀မှာမို့ တမင်မနှိုးခဲ့တာ
အတွေးတွေလွန်ပြီး စိတ်မကောင်းဖြစ်မနေနဲ့နော်"
"အေးပါ"

ဘာဘာညာညာအလွမ်းသယ်ရင်း အချိန်ကိုဂမန်းဂတမ်းကြည့်မိတော့ 10မိနစ်ကပြည့်တော့မည်မို့ hyung နဲ့ ပြောလက်စစကားတွေကို အလျင်စလိုဖြတ်ရတော့သည် အခုမှမှပဲ 10မိနစ်ဆိုတဲ့အချိန်က သိပ်မြန်နေသလို။

"Hyung...ကျွန်တော် practice room ကိုသွားရတော့မှာမို့ ဒါပဲနော်..နောက်နေ့ကျမှ ပြန်ဆက်လိုက်မယ် ဖုန်းချပြီးတာနဲ့ အိပ်တော့နော်hyung"
"အော်..အင်းအင်း ကျန်းမာရေးဂရုစိုက်နော် Jungkook ပြီးတော့ ...ချစ်တယ်"

ချစ်တယ်တဲ့ ဘာရယ်မဟုတ်ပြောလိုက်တ‌ဲ့ hyung ရဲ့ချစ်တယ်ဆိုတဲ့ စကားလေးက သူ့ကိုချက်ချင်းထပြေးပြီး hyung ကိုတင်းတင်းကြပ်ကြပ် ဖက်ထားချင်စိတ်များ ပေါ်လာအောင်အထိ သက်ရောက်မှုပြင်းထန်ပါသည်။

SYMPHONY (Completed)Where stories live. Discover now