Part- 7

2.4K 280 4
                                    

Unicode

"jungkookie Jungkook ထတော့လေ ဒီနေ့ကျောင်းတက်ရမှာမလား နောက်ကျနေဦးမယ်"

တလှုပ်လှုပ်နဲ့ သူ့ရင်ဘတ်ပေါ် ခေါင်းလေးတင်ကာ နှိုးနေတဲ့ လူသားလေးအား မသိချင်ယောင်ဆောင်ကာ ပေအိပ်နေလိုက်သည်

"မထလဲနေကွာ"

ရည်းစားသေးသေးလေးရဲ့ စိတ်ရှည်ချက်ကတော့ infinity ပါပဲ တစ်ခါပဲနှိုးရသေးတယ် မထလို့
သူ့ဘာသာသွားဖို့တောင် ပြင်နေပြီ အိပ်ရာပေါ်ကနေ ထတော့မဲ့ ကိုယ်ငယ်လေးကို မြန်မြန်ဖမ်းဆွဲကာ သိမ်းကျုံးဖက်လိုက်တော့ ကိုယ်လုံးသေးသေးလေးဟာ သူ့ရင်ခွင်ထဲအင့်ခနဲ...

"မောင်လို့ခေါ်"
"ဘာ.."
"မောင်လို့ခေါ်ရင်ထမယ်"
"ဟာခေါ်ချင်ပါဘူး ရှက်စရာ"
"အဲ့ဒါဆို တစ်နေ့လုံးအိပ်ရာပေါ်ကထွက်ဖို့
မစဉ်းစားနဲ့"

ရုပ်တည်ကြီးနဲ့ Jungkook ပုံစံကြောင့် အတည်ပြောနေမှန်း သိသည်
ဒါပေမဲ့ မခေါ်ချင်ပါ မောင်ဆိုတဲ့နာမ်စားကြီးကို တွေးမိရုံနဲ့ ပါးစပ်တွေရော လျှာတွေပါယားကာ ကြက်သီးတဖြန်းဖြန်းထသည် အဲ့လိုအနုအရွတွေဆို လုံး၀မခံစားတတ်...

"Jeon Jungkook စောစောစီးစီး မရစ်နဲ့ကွာ ထစို့နော်"
"စကားတစ်ခွန်းကိုနှစ်ခါမပြောဘူး"

မောင်လို့ခေါ်မှ အဟုတ်လွှတ်ပေးမဲ့ပုံနဲ့ ပြောနေတဲ့ သကောင့်သားကို စိတ်ကမရှည်တော့ အတင်းရုန်းရအောင်လဲ အားချင်းကမစာမနာ စိတ်ရှိလက်ရှိ နရင်းတွေအုပ်ချင်ပေမဲ့ ဟိုက ဗလကြီးတွေနဲ့
မဖြစ်ဘူး ဒီနေ့က ကျောင်း
တက်ရမှာ စိတ်ရှည်ရှည်ထားဖို့လိုတယ်

"မေ-မော-မောင် ထစို့နော် နောက်ကျနေမယ်"

ဖြစ်ညှစ်ပြောလိုက်တဲ့ နောက်ဆုံး တုန်တုန်ယင်ယင်နဲ့ အဆင်မချောစွာထွက်လာတဲ့ ခေါ်သံ
ရှက်လို့သေပါပြီကွာ...

"ဗျာ ...ထပ်ပြောပါဦး မောင်မကြားလိုက်လို့"
"ဒီဖေ.."

မကြားချင်ယောင်ဆောင်ကာ ထပ်ပြောခိုင်းတော့ စွာစိအိုးလေးက စောစောစီးစီး ထဆဲပါတော့သည်
မနေနိုင်တော့သဖြင့် အတင်းရုန်းကာ
ဒေါကန်နေသော hyung ကိုယ်လုံးလေးကိုဖက်ကာ ကြည့်မိတော့ ထခါစ ဖောင်းဖောင်းအစ်အစ်မျက်နှာလေးမှာ ပန်းနုရောင်တွေသန်းလို့

SYMPHONY (Completed)Where stories live. Discover now