Part-3

2.8K 329 5
                                    

Unicode

"မင်းကြောင့်ဖြစ်ရတာ မင်းကြောင့် ခွေးလိုကောင်
ကျေးဇူးကိုမှမထောက် ထွက်ပြေးချင်တဲ့မင်းကြောင့် ခွပ်ခွပ်"

ဆဲဆိုကြိမ်းမောင်းကာ သူ့ကို စိတ်လွတ်ကိုယ်လွတ် ထုရိုက်နေသော ဦးလေးကြီးအပေါ်
အပြစ်မမြင်နိုင်ပါ သူခံသင့်ပါတယ်
သူ့ရဲ့မိုက်မဲမှုကြောင့် သူ့နောက်ကိုလိုက်ရင်း
အဒေါ်ကြီးက ကားတိုက်ခံရကာ
ပွဲချင်းပြီးဆုံးသွားတယ်လေ

ကျရောက်လာတဲ့ လက်သီးတိုင်းကို ရုန်းကန်ချင်း
မပြုပဲ ငြိမ်၍သာခံနေလိုက်သည် ‌နှုတ်ခမ်းသားများပေါက်ပြဲကုန်ကာ နှာခေါင်းရိုးများလဲ
ကျိုးကုန်ပြီထင်ပါတယ် ပွက်ကနဲထွက်လာသောသွေးတွေကို အရိုးထဲထိစိမ့်နေတဲ့ နာကျင်မှုတွေနဲ့ရောပြီး ကျိတ်မှိတ်ကာ မြိုချလိုက်ရင်း
ပေတေကာခံနေလိုက်တော့သည် 

စိတ်ကိုအဆုံးလျှော့ကာ ရုန်းကန်ခြင်းမပြုဘဲ
ခံနေလိုက်တော့ နာကျင်နေတဲ့ခန္ဓာကိုယ်က
တဖြေးဖြေးနဲ့ထုံထိုင်းလာသလို...ဒီလိုအခြေအနေမှာ သူ့အတွက် စိတ်ပူပေးမဲ့သူ တစ်ယောက်လောက်
ရှိစေချင်လိုက်တာဆိုတဲ့ ရူးရူးနှမ်းနှမ်းအတွေးတွေ ၀င်မိတော့ ကိုယ့်ကိုယ့်ကိုသာ သေအောင်ရိုက်သတ်ပစ်ချင်မိတော့သည် ...အမှတ်မရှိလိုက်ပုံများ....

*************************************

အခန်းထဲကထွက်လာတဲ့ ဆူညံစွာကြိမ်းမောင်းသံတွေ နာကျင်စွာ အော်ညည်းသံတွေကြောင့်
နားနနှစ်ဖက်ကို တင်းတင်းကြပ်ကြပ်
အုပ်ကိုင်ထားမိသည် သူမ‌အဖေ ထိုကောင်လေးကို ရိုက်နေတာာသိပေမဲ့လဲ မကြားချင်ယောင်သာဆောင်နေလိုက်သည်
အမေတစ်‌ယောက်လုံးကို ဆုံးရှုံးလိုက်ရတဲ့ာသမီးတစ်ယောက်အနေနဲ့ ဒီလောက်တော့
စိတ်ဆိုးပိုင်ခွင့်ရှိသည်မလား

ထိုကောင်လေးကို သူမပြောခဲ့တဲ့စကားတွေမှာ မေမေနေမကောင်းတာက အမှန်ဆိုပေမဲ့
ကလေးတွေ ခဏခဏခေါ်လာဖူးတယ်
ဆိုတာတော့ လိမ်ပြောလိုက်ခြင်းပါ
ဘယ်ကလေးကိုမှ မခေါ်လာဖူးတဲ့ မေမေက
ဒီကောင်လေးကို မွေးစားမည်‌ဆိုတော့ မနာလိုစိတ်တစ်ခုထဲနဲ့သာ ပြောမိလိုက်ခြင်း
ဒီကောင်လေးက တကယ်ထွက်ပြေးလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ ခံပါ့စေ  တုံးလွန်းတဲ့
အဲ့ကောင်လေးနဲ့ ထိုက်တန်တာပဲလေ
သူမအမှားမပါဘူး ဒီကိစ္စက သူမနဲ့မ‌ဆိုင်ဘူး
ထိုကဲ့သို့ တထစ်ချ‌တွေးရင်း ဆူညံသံတွေကို
အဆုံးထိ လျစ်လျူရှုလိုက်ဝော့ာသည်

SYMPHONY (Completed)Where stories live. Discover now