Part-26

2.3K 250 14
                                    

Unicode

" Ladies and gentlemen, this flight will be landing soon, Enjoy your time in Zurich...."

လင်းထိန်သွားသော မီးရောင်တွေနဲ့အတူ ထွက်ပေါ်လာသော ကြေညာချက်တွေကြောင့် Switzerland ကိုရောက်လာပြီမှန်း သိလိုက်သည်။
ခရီးတစ်လျှောက်လုံး တစ်ချက်မှ မနိုးခဲ့ပုံအရ လေယာဉ်ပေါ်မှာ သူစိတ်ချလက်ချ အိပ်ပျော်ခဲ့ပုံပဲ။ ဒီလိုနှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာ ငါးနှစ်လောက်တောင်ကြာခဲ့ပြီကိုး...

10 နာရီကျော်ကျော် စီးလာရတာကြောင့် ပုံမှန်ဆိုရင် လူက ပင်ပန်းပြီး နုံးနေရမှာဆိုပေမဲ့ စိတ်‌ဆောင်လို့လားမသိ သူကတော့ သိပ်တက်ကြွနေသည်.....

သူအခု ရောက်နေတာက Zurich...
ခမ်းနားမှုတွေနဲ့အတူ သဘာ၀ဆန်ဆန် လှပမှုတွေ‌ ကြောင့် သိပ်ကို နာမည်ကြီးတဲ့ နေရာတစ်ခု။ လေဆိပ်ကဆင်းတာနဲ့ နားဖို့မတွေးအားဘဲ hyung ရှိမဲ့ Grindelwald ကို ခရီးထပ်နှင်ရပြန်သည်။ လေယာဉ်နဲ့သွားရင် ထွက်မဲ့အချိန်ကို စောင့်နေရမှာကြောင့် တွေ့ရာ အငှားကားကိုပဲ အပူကပ်ကာ ပိုက်ဆံပုံပေးပြီး လိုက်ပို့ခိုင်းရပြန်သည်။

Zurich ကနေ ထွက်လာတဲ့ အချိန်က မနက် 6နာရီခွဲမို့ ပတ်၀န်းကျင်က သိပ်မှိုင်းမနေတော့...korea နဲ့မတူဘဲ အသင့်အတင့် ညီမျှတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့ Switzerland ကြောင့် ရောက်ရောက်ချင်းမှာတင် သူသိပ်သဘောကျသွားသည်။ hyung သာ သဘောကျမယ်ဆိုရင် သူဒီနိုင်ငံလေးမှာပဲ အခြေချချင်သား....

ဘေးပတ်လည်က စိမ်းစိုနေတဲ့ တောင်တန်းတွေနဲ့ သဘာ၀တရားတွေကို ငေးကြည့်နေဖို့ အာရုံမလာ‌ သေးတာကြောင့် လမ်းတစ်လျှောက်လုံး hyung အကြောင်းပဲ ထိုင်တွေးနေလိုက်တော့သည်။

2 နာရီ ကျော်ကျော်လောက် စီးပြီးတဲ့ အချိန်မှာ‌တော့ သူစီးလာတဲ့ ကားလေးဟာ Grindelwald ကို
တရွေ့ရွေ့နဲ့ ၀င်လာပြီဖြစ်သည်။ စိမ်းစိုနေတဲ့ တောင်တန်းတွေကြားမှာ လှလှပပ နေရာယူထားတဲ့ Grindelwald က နေရောင်အောက်မှာ ရင်သပ်ရှုမောဖွယ် ကောင်းလှစွာ....ထင်းရှူးပင်တွေနဲ့ မြက်ခင်းစိမ်းစိမ်းတွေဟာလဲ လက်ညှိုးထိုးမလွဲ...

ဆေးရုံနာမည် ရေးမှတ်ထားတဲ့ စာရွက်လေးကို ကားမောင်းတဲ့သူအား အလျင်စလို ပေးမိတော့ ခုမှနားလည်သွားသလို မျက်လုံးတွေနဲ့ ကြည့်လာသည်။

SYMPHONY (Completed)Where stories live. Discover now