Part-12

1.7K 201 1
                                    

Unicode

"jungkookie hyung jiminie hyung"

ကားပေါ်မှ ဆင်းဆင်းချင်း သူတို့နှစ်ယောက်ဆီသို့ အော်ဟစ်ပြီး ၀မ်းသာအားရပြေးလာတဲ့ ဂေဟာကကလေးတွေ။ ဂေဟာက မွေးရပ်မြေလိုဖြစ်နေတဲ့ သူတို့နှစ်ယောက်အတွက်တော့ ဒီကလေးတွေကမိသားစုပါပဲ။

"ကလေးတွေ hyung တို့မရှိတုန်း ဆရာမတွေစကားနားထောင်ရဲ့လား"
"နားထောင်ပါတယ်"

Jimin hyung မေးလိုက်တာနဲ့ ချက်ချင်းပင်အားတက်သရော ပြန်ဖြေလာတဲ့ ကလေးတွေ

"အဲ့တာဆို hyung က လိမ္မာတဲ့ကလေးတွေကို ဆုချရမှာပေါ့"

ဆုချမယ်ဆိုတဲ့ အသံကြားတာနဲ့ တောက်တောက်ပပ ဖြစ်လာတဲ့ မျက်၀န်းလေးတွေက သူတို့ကို အားကိုးတကြီး မျှော်ကြည့်နေကြသည်။

"ဆုရချင်တဲ့သူတွေ hyung နောက်ကို လိုက်ခဲ့ပါဗျ"
"ရေး......"

ကားပေါ်မှာပါလာတဲ့ မုန့်ထုပ်တွေ စာရေးကိရိယာထုပ်တွေကို ဆွဲမပြီး ဂေဟာထဲ၀င်ပြေးဝောာ့ နောက်က ကလေးတွေကလဲ အားကျမခံ ပြေး၍ကောက်ကောက်ပါအောင်ညလိုက်လာကြသည်။

Jungkook က‌တော့ ကလေးတွေထက် ပိုကလေးဆန်ပြီး ပိုချစ်ဖို့ကောင်းနေတဲ့ hyung ကို‌ပြုံးပြုံးကြီးငေးကြည့်နေရင်းနဲ့ပဲ ဖြေးဖြေးချင်းလိုက်သွားတော့သည်။

"သား jimin Jungkook လာမယ်ဆိုဆရာမကြီးကို ကြိုပြီးဖုန်းဆက်တာမဟုတ်ဘူး"

ဂေဟာထဲ၀င်မှ သူတို့ကိုမြင်ပုံရသည့် ဆရာမကြီးက ၀မ်းသားအားရ ပြေးလာကာနှုတ်ဆက်သည်။

"ဟုတ်တယ်ဆရာမကြီး surprise ဖြစ်သွားအောင်လေဟီးဟီး"
"Aigoo.... surprise ကတော့‌တော်တော်လေးဖြစ်သွားပါတယ်ရှင် ဟိုမှာနေရတာအဆင်ပြေရဲ့လား ဘာတွေလိုသေးလဲ လိုတာရှိရင်ဆရာမကြီးကိုချက်ချင်းပြောနော်"

စိတ်လှုပ်ရှားနေပုံရသော ဆရာမကြီးက စကားတွေတရစပ်ပြောနေသဖြင့် နှစ်ယောက်စလုံး မတိုင်ပင်ပါဘဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည်။ မိရင်းဖရင်းတွေရဲ့ မေတ္တာကိုမရခဲ့ပေမဲ့လဲ ဆရာမကြီးရဲ့ဂရုဏာမေတ္တာတွေကြောင့် သိမ်ငယ်ခြင်းဆိုတာ မရှိဘဲ ကြီးပြင်းခဲ့ရသည်။  ဆရာမကြီးကိုမြင်တာနဲ့တင် နွေးထွေးမှုဆိုတာကို အထူးတလည် ရှာဖွေစရာမလိုပဲ အလိုအလျောက် ခံစားရသည်အထိ...

SYMPHONY (Completed)Where stories live. Discover now