Part-5

2.7K 318 8
                                    

Unicode....

တစ်နေ့လည်လုံး ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့တင် အချိန်တွေ ဘယ်လိုကုန်သွားမှန်းကို
သတိမထားမိလိုက် စောစောစီးစီး ရည်းစားစကား ပြောခံလိုက်ရတာမို့ မနက်ထဲက Jungkook ကိုပတ်ပြေးနေရတာ တော်တော်မောလှပြီ jungkook နဲ့ဒီအချိန်မှာ မျက်နှာချင်းဆိုင် တွေ့မိပါက
ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ သူလုံး၀ စဉ်းစားလို့မရ အတင်းအကြပ် အဖြေတောင်းရင်လဲ ဘယ်လိုလုပ်ရမှန်းမသိ အတွေးတွေနဲ့တင် ဦးနှောက်က
ပတ်ကြားအက်သွားသလိုထိ ခြောက်သည် ဒီနေ့မှပဲ ညနေရောက်တာ စောနေသလို

"Jimina ဆရာမကြီးနောက် ခဏလိုက်ခဲ့ပါလား"

ဆရာမကြီးရဲ့ အသံကြားလို့ လုပ်လက်စအလုပ်နဲ့ တွေးလက်စအတွေးတို့ကို ရပ်ကာ မော့ကြည့်မိတော့ သူ့ကိုခေါ်နေတဲ့ ဆရာမကြီးနဲ့အတူ ဆရာမကြီးနောက်မှာ ရပ်နေတဲ့ jungkook သူတို့နှစ်ယောက်အကြောင်း သိသွားလို့များလား ဆိုတဲ့အတွေးက
ရင်ထဲထိတ်ခနဲ

"ဟုတ်-ဟုတ်"

များများစဉ်းစားနေဖို့ အချိန်မရ ရှေ့ကနေ Jungkook နဲ့အတူ ရုံးခန်းထဲ ၀င်သွားတဲ့
ဆရာမကြီးနောက် အပြေးအလွှား လိုက်ရပြန်သည်

"သားတို့က မနက်ဖြန်မနက် သွားမှာဆိုတာ
သေချာပြီလား"
"ဟုတ်"

ဆရာမကြီးရဲ့ စကားသံဆုံးတာနဲ့ တစ်ပြိုင်နက်ထဲထွက်လာတဲ့ သူတို့နှစ်ယောက်ရဲ့အသံ

"ဖြစ်နိုင်ရင် ဆရာမကြီးကတော့ သားတို့ကို
မသွားစေချင်ဘူး"

တကယ်စိတ်မကောင်းဟန်နဲ့ ညှိုးညှိုးနွမ်းနွမ်း
ပြောနေတဲ့ ဆရာမကြီးကို မြင်တော့ မတိုင်ပင်ပဲနဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိသည်
သူတို့လဲ တကယ်စိတ်မကောင်းပေ

"သားတို့ကအပြီးသွားမှာမှ မဟုတ်တာ
ဆရာမကြီးရယ် ကျောင်းပိတ်တိုင်း
အားတိုင်းပြန်လာပါ့မယ်
ပြီးတော့ ဒီအရွယ်ထိ ဆရာမကြီးကို ဒုက္ခတွေပေးခဲ့တာ လုံလောက်ပါပြီ"

Jungkook ထက်ကြီးသောသူမို့ သူကပဲဦးဆောင်ကာ ပြောလိုက်တော့သည်

"အို!!!ဆရာမကြီးကတော့ သားတို့ကို ဒုက္ခလို့မမြင်ပါဘူး တစ်သက်လုံးနေရင်တောင် ရတယ်"

SYMPHONY (Completed)Where stories live. Discover now