အာရုံထဲ တိုး၀င်လာတဲ့ နေရောင်စူးစူးကြောင့်အနည်းငယ်နာကျင်နေသော ခေါင်းကို ဖိကိုင်ရင်း မျက်ခွံများကို လေးပင်စွာ ဖွင့်လိုက်ပေမဲ့ အားနည်းနေတဲ့ ခန္ဓာကိုယ်ကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်။
အိပ်ရာထက်မှာ အနဲငယ်ထပ်လှဲနေရင်း မနေ့ကအကြောင်းစဉ်းစားမိတော့ မီးဖိုခန်းထဲမှာ လဲကျသွားတဲ့အထိပဲ မှတ်မိလိုက်သည်.... Jungkook ရှိတဲ့ Entertainment ကိုသွားတဲ့ညမှာ မိုးမိရင်း ရတဲ့အဖျားက တငွေ့ငွေ့နဲ့ နှိပ်ဆက်နေတာမို့ သူကျောင်းလဲမသွားနိုင်သလို အချိန်ပိုင်းအလုပ်လဲမလုပ်နိုင်တာ နှစ်ရက်လောက်ရှိနေပြီ။
ဆေးခန်းသွားဖို့လဲ စိတ်မပါတာမို့ အိပ်ရာထဲမှာ ဖြစ်သလို ခွေခေါက်အိပ်နေတာက ရောဂါကိုမွေးသလိုဖြစ်သွားတယ်လေ...နေမကောင်းတဲ့ အရှိန်ကြောင့် ကောင်းကောင်းလဲအိပ်မရ..ကိုယ့်အဖျားကို ဂရုမစိုက်နိုင်ဘဲ Jungkook နေမကောင်းနေတာကိုပဲ စိုးရိမ်လွန်းနေတဲ့ သူ့စိတ်ကြောင့် အဖျားတက်လို့ တစ်ရေးနိုးတိုင်း ကယောင်ကတမ်းနဲ့ ထထငိုရတာက တစ်လုပ်...
အိပ်ရာထဲက မထနိုင်တဲ့အထိ အခြေအနေ ဆိုးနေပေမဲ့ ကိုယ့်အကြောင်းကိုယ်သာသိ ဆိုသလို လာပြုစုမဲ့သူလဲ မရှိတာကြောင့် ဆေးသောက်ဖို့ မီးဖိုခန်းထဲသွားပြီး စားစရာရှာနေတုန်း ချာလည်လိုက်နေအောင် မူးဝေပြီး နောက်ဆုံး သူသတိလစ်သွားတယ်လေ။
နေပါဦး!!သူကအခု သူ့အိပ်ရာပေါ်မှာလေ ညကသေချာပေါက် မီးဖိုခန်းထဲမှာ လဲသွားတာပါ
သေချာပြန်ကြည့်မိတော့ သူ၀တ်ထားတဲ့ အ၀တ်တွေကလဲမတူတော့ မိုးမိတဲ့ညက မလဲဘဲ ဖြစ်သလို၀တ်အိပ်လိုက်တဲ့ အ၀တ်တွေနေရာမှာ ညအိပ်၀တ်စုံအပါးလေးက ကျကျနန နေရာယူထားသည် ဧကန္တဆိုတဲ့ အတွေးနဲ့ အိပ်ရာပေါ်မှ ဝုန်းခနဲထပြေးကာ မီးဖိုခန်းထဲ အလျှင်စလို ပြေးသွားမိသည်...ခုနကထိ နွေးတေးတေးနဲ့ နေရခက်နေတဲ့ ခန္ဓာကိုယ်က အခုတော့ ချွေးပါစို့လာသလို....ထင်တဲ့အတိုင်း စားပွဲပေါ်က အုပ်ဆောင်းအုပ်ထားတဲ့ ဆန်ပြုတ်ပန်းကန်လေးကို မြင်တော့ ရင်ထဲမှာထိပ်ခနဲ...... တကယ်ပဲJungkook လာသွားတာလားဆိုတဲ့ စိတ်နဲ့ မ၀ံ့မရဲဖွင့်ကြည့်မိတော့ အနဲငယ်အေးစက်နေပြီဖြစ်တဲ့ ဆန်ပြုတ်တစ်ပန်းကန်..
အစီအရီချပေးထားတဲ့ ဆေးတွေနဲ့အတူ မမြင်တာကြာပြီဖြစ်သော စာတိုလေးတစ်စောင်.....
YOU ARE READING
SYMPHONY (Completed)