Part-6

2.7K 301 3
                                    

Unicode

အလိုက်မသိစွာ တိုး၀င်လာတဲ့ နေရောင်စူးစူးကြောင့် အလိုမကျစွာနဲ့ မျက်ခုံးတွေကို တွန့်ချိုးမိသည်
နိုးနိုးချင်း ဒီနေ့သူတို့ တိုက်ခန်းကိုပြောင်းရမှာပဲ
ဆိုတဲ့အသိက ချက်ချင်း၀င်လာတော့ ကမန်းကတန်း
ထဖို့ ပြင်ရတော့သည် ....
အိပ်ရာပေါ်မှ ထမယ်ကြံနေတုန်း သူ့ရင်ခွင်ကြား လှုပ်စိ လှုပ်စိ  တိုး၀င်လာတဲ့ ခန္ဓာယ်ကိုယ်
သေးသေးလေး....

ကိုယ်လုံးသေးသေးလေးရဲ့ ထိတွေ့မှုကြောင့် ညကအ‌ကြောင်းတွေ ပြန်တွေးမိကာ  စောစောစီးစီး
ကျေကျေနပ်နပ်ကြီး ပြုံးမိပြန်သည် စောင်ပုံထဲက လူသားသေးသေးလေးကတော့ ခုထိ
အိပ်မက်ကမ္ဘာထဲ ပျော်နေပုံရကာ သူ့ရင်ခွင်ထဲ
တိုးဝေ့ရင်း အိပ်မြဲအိပ်ဆဲ...

ကိုယ်လုံးနွေးနွေးလေးကို တင်းကြပ်စွာ
ဖက်လိုက်ပြီး အိပ်ပျော်နေတဲ့ hyung ရဲ့ မျက်ခွံဖောင်းဖောင်းအိအိလေးတွေနဲ့ ပန်း‌နုရောင်
ပါးဖောင်းဖောင်းအိအိလေးတွေကို နစ်၀င်အောင် နမ်းနေလိုက်သည်....အိပ်နေတာတောင် ချစ်စရာကောင်းမှုတွေက လုံး၀လျော့မသွား...အိပ်ရာထဲက အလှတရားဟာ ပန်းခင်းထဲ အိပ်နေသလား
ထင်ရအောင် နွေးနွေးမွှေးမွှေးလေး....
                **************

မျက်နှာပေါ်က ခပ်နွေးနွေး အထိအတွေ့ကြောင့်
မဖွင့်ချင်ဖွင့်ချင် ဖြစ်နေသော မျက်လုံးများကို အားယူပြီး ဖွင့်ကြည့်မိတော့ မနက်ခင်း
နေရောင်အောက်မှာ ခန့်ညားစွာ နီးကပ်နေတဲ့ Jungkook ရဲ့မျက်နှာချော‌ချောကို မြင်ရသည် နိုးနိုးချင်း သူ့ပါးတွေကို ထိကပ်နမ်းနေတဲ့ Jungkook ကြောင့် မနေတတ်မထိုင်တတ်
ဖြစ်ရပြန်တာကသူ ဒီကောင်လေး လက်ရဲဇက်ရဲရှိချက်ကတော့...တစ်ညလုံးနမ်းထားတာတောင် မ၀‌သေးဘူးလားမသိ...

"Hyung ကိုယ့်ကောင်လေးမျက်နှာကို အဲ့လောက်ထိစိုက်ကြည့်နေမဲ့အစား မြန်မြန်ထလိုက်တာ
ပိုကောင်းမယ်ထင်တယ် ဒီနေ့တိုက်ခန်းကိုပြောင်းရမှာလေ"

စစနောက်နောက်ပြောလိုက်တဲ့ သူ့စကားဆုံးတာနဲ့ အိပ်ရာပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်တဲ့ hyung

"ဟုတ်သားပဲ ထထမြန်မြန် ‌ဘာလို့ hyung ကိုမနှိုးလိုက်တာလဲမသိဘူး နောက်ကျကုန်တော့မယ်"

SYMPHONY (Completed)Where stories live. Discover now