Unicode
"ဘာ!!!!အဲ့နားတစ်ဝိုက်ကို သေချာရှာ ရသမျှလူအင်အားနဲ့ မဖြစ်ဖြစ်အောင်ရှာ သေတာသေချာရင် အလောင်းဆိုတာရှိရမှာပဲ"
ဖုန်းပြန်ဖြေပြီးတဲ့နောက်မှာတော့ တုန်ရီနေတဲ့ လက်တို့အား အနည်းငယ်ငြိမ်သွားစေရန် ရေအေးအေးတစ်ခွက်ကို အလောတကြီး သောက်မိသည်။
သို့ပေမဲ့လဲ ထူးမလာ...တုန်လှုပ်နေသော စိတ်အစုံက သူမကို ချောက်နက်ထဲထိ ဆွဲချနေသလို....
ဒီလိုပုံစံမျိုးကို သူမမလိုချင်ခဲ့ပါ။ Park jimin ကိုနာကျည်းမိတာ မှန်ပေမဲ့ သေစေချင်လောက်တဲ့အထိတော့ မမုန်းပါ... accidentဖြစ်ပြီး
ဒဏ်ရာပရပွနဲ့ မြစ်ရေထဲ ပြုတ်ကျကာ အစရှာလို့မရဘူးဆိုတဲ့ Park jimin ရဲ့သတင်းဆိုးက မျှော်လင့်မထားလောက်အောင် ခြောက်ခြားစရာကောင်းနေသည်။မဖြစ်ဘူး!!!အရင်ဆုံး Jungkook သိသွားလို့မဖြစ်သေးဘူး။ Jungkook သိသွားရင် အဲ့ကောင်လေးက ရူးပါသွားနိုင်သည်။ ရသလောက်တော့ ဖုံးကွယ်ထားရမှာပဲ... မတည်ငြိမ်သေးတဲ့ စိတ်ကို Jungkook အကြောင်းတွေးရင်း အတတ်နိုင်ဆုံး ထိန်းလိုက်တော့ အနည်းငယ်တော့ နေသာထိုင်သာရှိသွားသည်... Park jimin မလာနိုင်တဲ့အကြောင်းကို Jungkook ဆီဘယ်လို လိမ်ပြောရမလဲဆိုတဲ့ အတွေးသာ ခေါင်းထဲကြီးစိုးလာသောအခါ သူမအတွေးတွေက မိုက်သထက်မိုက်ခဲ့လေပြီ......
*****************************
"You are the cause of my euphoria......"
ဆက်တိုက် ဖျော်ဖြေနေရတဲ့ သီချင်းတွေနဲ့ Performance တွေကြားမှာ လစ်ရင်လစ်သလို VIP တန်းက လူအုပ်ကြားမှာ ရသလောက် အပြေးအလွှားရှာကြည့်ပေမဲ့ hyung ရဲ့အရိပ်အယောင်ကိုလုံး၀မတွေ့ရ။ လူတွေအရမ်းများလို့ မတွေ့တာပဲဖြစ်မှာပါလို့ စိတ်ကိုထိန်းရင်း သူ့ကိုကြည့်နေမဲ့ hyung သေထျာမြင်ရအောင်သာ
အလှပဆုံး ဖျော်ဖြေနေမိသည်။"Congratulations Jungkook"
Concert ပြီးတာနဲ့ stage နောက်ဘက်မှာ အတွေ့ချင်ဆုံးလူသားအား မမောနိုင်မပန်းနိုင် ပြေးလွှားကာ ရှာမိပေမဲ့ Jung Haraဆိုတဲ့ အမျိုးသမီးကလွဲရင် ဘယ်သူ့ကိုမှမတွေ့ရ။ မျှော်လင့်နေတဲ့သူကို
မတွေ့ရတာကြောင့် Congratulations ဟုဆိုကာ ပေးလာတဲ့ ပန်းစီးတွေကို အလိုမကျစွာကြည့်လိုက်မိသည်။
YOU ARE READING
SYMPHONY (Completed)