Part-23

1.9K 214 10
                                    

Unicode

နှာခေါင်းထဲမှာ တိုး၀င်လာတဲ့ ဆေးရုံက ပိုးသတ်ဆေးနံ့နဲ့အတူ နိုးထလာတော့ အရင်ဆုံးမှုန်ဝါးဝါးမြင်ရသည်က Jung Hara ဆိုတဲ့မိန်းမ....
ခုထိ တဆစ်ဆစ်ကိုက်နေတဲ့ ဗိုက်ကနာကျင်မှုက သူမကိုမြင်လိုက်မှ နှစ်ဆလောက် ပိုတိုးလာသလို...

ရှိသမျှအားနဲ့ ဆေးရုံကုတင်ပေါ်ကနေ ကုန်းရုန်းထရင်း လက်မှဆေးပိုက်တွေကို ဆွဲဖြုတ်မိတော့ ဖြန်းဟူသော အသံနဲ့အတူ ပူလောင်ကျိန်းစပ်သွားတဲ့
သူ့ရဲ့ပါးပြင်တစ်ဖက်....

အံ့ဩကြီးစွာ ကြည့်မိတော့ မီး၀င်း၀င်း တောက်နေတဲ့ Jung Haraရဲ့မျက်၀န်းတွေနဲ့တိုးသည်။ သို့ပေမဲ့ မြန်မြန်ပဲ လျစ်လျှူရှုလိုက်ကာ လက်မှဆေးပိုက်များကိုပဲ ဆွဲဖြုတ်နေမိသည်...‌သတိရလာထဲက hyung အကြောင်းက အရင်ဆုံးခေါင်းထဲရောက်လာတာမို့ အရင်နေခဲ့တဲ့ တိုက်ခန်းလေးကိုသာ ပြန်သွားချင်သည်....

hyung မရှိတဲ့အချိန်မှာ hyung အငွေ့အသက်တွေ ကျန်နေတဲ့ နေရာလေးကသာ သူ့ရဲ့တစ်ခုထဲသော အသက်ရှူပေါက်မို့ ကျန်တဲ့ဘယ်အရာကိုမှ ဂရုမစိုက်နိုင်။ အကယ်၍ အကယ်၍များ  ထပ်ခိုးခန်းလေးကိုများ hyung ပြန်ရောက်လာရင် ဆိုတဲ့ မျှော်လင့်ချက်လေး တစ်ပိုင်းတစ်စကို တော့ သူမဝံ့မရဲ ဆုပ်ကိုင်ထားချင်သေးသည်။

"Jeon Jungkook!!!ငါ့ကိုသေချာကြည့်စမ်း"
"ဖယ်ပါ ငါ hyung စီသွားရဦးမယ်"
"Jeon Jungkook!!! ဘယ်က Park jimin လဲ Park jimin ကသေသွားပြီလေ"
"တောက်!!!နင့်ပါးစပ်က hyung သေပြီလို့ နောက်တစ်ခါထပ်ပြောကြည့်စမ်း...တကယ်သေမဲ့သူကနင်ဖြစ်သွားလိမ့်မယ်"

သူမရဲ့လည်ပင်းတွေကို တင်းတင်းကြပ်ကြပ်
ညှစ်ထားရင်း ခြိမ်းခြောက်နေတဲ့ Jungkook ပုံက နတ်ဆိုးတစ်ကောင်အလား...မဟုတ်ဘူး ခြိမ်းခြောက်နေတာမဟုတ်ဘူး..သူမသာ Park jiminအကြောင်းထပ်ပြောမိရင် သူတကယ် သူမကိုသတ်လိမ့်မည်...

"ဟုတ်တယ် Park jimin ကမသေဘူး"

သူမရဲ့စကားဆုံးတာနဲ့ ချက်ချင်းဖြေလျော့သွားတဲ့ လက်ချောင်းတွေ... Park jimin ရဲ့ Jeon Jungkook ပေါ်လွှမ်းမိုးထားနိုင်မှုက မယုံနိုင်စရာကောင်းလောက်သည်အထိ

"ဒါပေမဲ့ မင်းဒီတိုင်းဆက်လုပ်နေရင် Park jimin ကတကယ်သေသွားလိမ့်မယ်"
"ဘာပြောတယ်"
"Park jimin ရဲ့အလောင်းကို ခုထိရှာမတွေ့သေးဘူးမလား..ဒီလိုအရေးကြီးနေတဲ့အချိန်မှာ မင်းလုပ်နေပုံတွေက Park jimin ကိုသေအောင်တွန်းပို့နေတာမဟုတ်ရင်ဘာလဲ"

SYMPHONY (Completed)Where stories live. Discover now