part -14

1.7K 206 2
                                    

Unicode

"စိတ်ပြောင်းသွားပြီပေါ့"

လက်ဖက်ရည်ခွက်ကို အေးအေးလူလူထိုင်သောက်ရင်း ယုံကြည်မှုအပြည့်နဲ့ မေးလာတဲ့ သူမပုံစံက ချက်ချင်းပင် ဖြတ်ရိုက်ပစ်ချင်စရာကောင်းအောင် ကြည့်လို့လှနေခဲ့ပါသည်....နီဆွေးဆွေး နှုတ်ခမ်း‌တွေက ဒီနေ့မှ အရောင်ပိုတောက်နေသလို....ထူထဲနေကျ မိတ်ကပ်က ဒီနေ့မှ ပို၍ပြာငန်းနေကာ ကြည့်မရရှုမရ။ တခြားပုရိသတွေအတွက်တော့ သူမရဲ့ ပုံစံက မြင်လိုက်တာနဲ့ သူမခြေဖျားမှာပြားပြား၀ပ်နေရအောင် ဆွဲဆောင်မှုရှိနေမှာ သေချာပေမဲ့ သူ့အတွက်တော့ ကြည့်လေကြည့်လေပို၍ပူလောင်လာလေ ဖြစ်ရပါသည်။

"ဟုတ်တယ် စိတ်ပြောင်းသွားပြီ ခင်ဗျားကြောင့်တော့မဟုတ်ဘူး"

ခင်ဗျားကြောင့်မဟုတ်ဘူးဆိုတဲ့ စကားကိုကြားတာနဲ့
ထိန်းထားတဲ့ကြားမှ မျက်နှာကကွက်ခနဲပျက်ဖြစ်အောင်ပျက်သွားသေးသည်။ သူ့ကြောင့်
စိတ်ပြောင်းသွားမှန်းမဟုတ်တာ သေချာသိနေပေမဲ့ ဒီလိုတိုက်ရိုက် ကြားရတာတော့ တော်တော်ခံရခက်ပါသည်...
Park jimin ဆိုတဲ့ကောင်က ဒီတိုင်းနေရင်းတောင် သူမကို တော်တော်ခံရခက်အောင်
လုပ်နိုင်စွမ်းရှိသည်။

"ထင်ပြီးသားပါ...ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် နောက်ဆုံးတော့ မင်းငါ့ဆီရောက်လာတာပဲမလား"

မြဲမြဲဆုပ်ထားတဲ့ လက်သီးတို့က တင်းခနဲ...
Hyung ကြောင့်သာမဟုတ်ရင် ဒီမိန်းမရှေ့မှာ တစ်စက္ကန့်တောင်မှ ထိုင်မနေချင်ပါ။

"ထားပါ...ရှင်းရှင်းပဲပြောရအောင်..ခင်ဗျားလိုချင်တာကဘာလဲ"
"မင်းကိုတို့ company ရဲ့ idol ဖြစ်လာစေချင်တယ်"
"ခင်ဗျားက ကျွန်တော်အောင်မြင်မယ်ဆိုတာ ဘာကြည့်ပြီးယုံစားခဲ့လို့ ဒီလိုတကူးတက
ခယနေရတာလဲ"

သူ့မေးခွန်းကို အရှိုက်ထိသွားပုံရတဲ့ မိန်းမက အခုတစ်ခါတော့ ပျက်ယွင်းသွားတဲ့ မျက်နှာကို အချိန်မှီထိန်းနိုင်ပုံမရ။ မကြာပါဘူး မဲ့ပြုံးတစ်ချက်သာတုံ့ပြန်ရင်း သူ့ကိုပြန်၍ စူးစိုက်ကြည့်လာသည်။ မျက်နှာပြောင်တိုက်လိုက်ပုံများ...

"နေ့တိုင်း မင်းသီချင်းဆိုနေတဲ့ Bar မှာလာထိုင်နေတာ တို့ရဲ့အချိန်တွေက သိပ်ပေါနေလို့တော့မဟုတ်ဘူး။ မင်းဆီမှာရှိတဲ့ အရည်အချင်းတွေကိုမြင်လို့ ဒီလိုအောက်ကျခံပြီး ရအောင်ခေါ်တာ မင်းအောင်မြင်မယ်ဆိုတဲ့စကားက အပေါ်ယံမဟုတ်ဘူး သေချာလို့
ပြောတာ ငါ့အကျိုးအမြတ်မပါပဲ ဘယ်သူ့အပေါ်ကိုမှ လွယ်လွယ်ကူကူနဲ့ မပုံအောနိုင်ဘူးလေ ဒါတွေကို မင်းနားလည်မယ်လို့ ထင်ပါတယ်"

SYMPHONY (Completed)Where stories live. Discover now