All abt SYMPHONY//

1.7K 132 28
                                    

Unicode

ကဲကဲ....ဒီဇာတ်လမ်းလေးကိုနောက်ဆုံးမှာတော့ ပျော်ပျော်ရွှင်ရွှင်အဆုံးသတ်လေးနဲ့အတူ အောင်မြင်စွာဇာတ်သိမ်းနိုင်ခဲ့ပါပြီ။

SYMPHONY ရဲ့ ယေဘုယျအဓိပ္ပာယ်က တေးသွားပေါ့နော် အတိအကျပြောရရင် သံစုံတီးဝိုင်းတွေမှာပါတဲ့ တေးသွားအပိုင်းအစတစ်ခုပေါ့

ဒါပေမဲ့ အခုရေးတဲ့ fic ရဲ့ symphony ကအဲ့အဓိပ္ပာယ်မဟုတ်ပါဘူး။ ဒီ fic ရဲ့ SYMPHONY ဆိုတာက တစ်စုံတစ်ယောက်နဲ့ချစ်ခင်ရင်းနှီးပြီး အဲ့ဒီသူနဲ့ပဲ အတူရှိသွားချင်တဲ့အဓိပ္ပာယ်မျိုးပါ။

Part of your symphony ဆိုတာကတော့ မင်းဘ၀ရဲ့အစိတ်အပိုင်းတစ်ခုလို့ပြောလို့ရပါတယ်။

အစကဒီလိုပုံစံ‌မျိုးရေးဖို့လုံး၀စိတ်ကူးမရှိပါဘူး။ နောက်ကျ Clean Bandit (ft. Zara Larsson) တို့ရဲ့ Symphony ဆိုတဲ့သီချင်းရဲ့ mv လေးကြည့်ပြီးမှရေးဖို့ရုတ်တရက်စိတ်ကူးပေါ်သွားတာပါ။ မကြည့်ရသေးရင်သွားကြည့်ဖို့ လုံး၀ recommend ပေးပါတယ်နော်..mv ထဲက ကောင်လေးနှစ်ယောက်ရဲ့ မေတ္တာကတကယ် ကြည့်တဲ့သူတွေကို မျက်ရည်မဆယ်နိုင်ဖြစ်စေမှာပါ။

အစကပေါ့ပေါ့ပါးပါး school life လေးရေးနေရာကနေပစ်ချပြီးချက်ချင်း symphony ကိုကောက်ရေးလိုက်တာပါ။ အစကိုသေချာတောင်မစဉ်းစားနိုင်ဘဲ ဇာတ်သိမ်းကိုတွေးပြီးရေးချလိုက်တာပါ။

ဒီဇာတ်လမ်းက တကယ်ဆို SE လို့ plot ချပြီးရေးခဲ့တာပါ။ အပိုင်း 1တင်ထဲကဖတ်တဲ့သူတွေဆိုသိမှာပါ ..story description နေရာမှာ chrysanthemum အစား hyacinth တွေကိုသုံးထားခဲ့ပါတယ်။ သုံးပိုင်းမြောက်မှာမှ chrysanthemum လို့ပြင်လိုက်တာပါ။

Hyacinth က ၀မ်းနည်းမှုနဲ့ နောင်တကို ကိုယ်စားပြုတဲ့ပန်းပါ။ ရည်ရွယ်ထားခဲ့တာက ဒီဇာတ်လမ်းကို 10ပိုင်းမှာပဲ jimin accident ဖြစ်ပြီးတန်းဇာတ်သိမ်းမယ်ပေါ့။ ဒါပေမဲ့ ဘယ်လိုမှအဲ့အခန်းကို မရေးနိုင်ခဲ့လို့ အကုန်ပြောင်းလိုက်ပြီး HE ဖြစ်အောင်မရမက ဆွဲခေါ်ခဲ့တာပါ။

ပြောရရင် SE ဆိုတာကို ကိုယ်တိုင်လဲမခံစားနိုင်လို့မရေးခဲ့တာပါ။ ဒါပေမဲ့ နဂိုထဲက တန်းတန်းဖြောင့်ဖြောင့်သွားနေတဲ့ ဇာတ်လမ်းကို ကွေ့ချလိုက်တော့ ကြားထဲမှာ လစ်ဟာပြီး ဖတ်ရတာတွေပေါ့သွားတာမျိုးဖြစ်နိုင်ပါတယ်။ အဲ့တာတွေအတွက်တောင်းပန်ပါတယ်လို့ ╥﹏╥

SYMPHONY (Completed)Where stories live. Discover now