Unicode
"အခုတင်ဆက်ပေးမဲ့ အနုပညာသတင်းကတော့ ကိုရီးယားမှာသာမက world wide အထိ တရှိန်ထိုးနာမည်ကြီးနေတဲ့ solo Artist Jeon Jungkook ဟာ အနုပညာသက်တမ်း 5 နှစ်ပြည့်ခါနီးမှာပဲ အနုပညာ လုပ်ငန်းများအား ရပ်တန့်တော့မယ်ဟု ရုတ်တရက် ကြေငြာလိုက်ခြင်း အကြောင်းပဲ ဖြစ်ပါတယ်..မထင်မှတ်ထားတဲ့ ဒီသတင်းက အနုပညာအသိုင်းအ၀န်း တစ်ခုလုံးကို အတော်လေး ဂယက်ထစေခဲ့ပါတယ် ဒီတစ်ခေါက် လုပ်ခဲ့တဲ့ concert ဟာ သူ့ရဲ့ နောက်ဆုံး concert ပါလို့ ကြေငြာသွားခြင်းအပေါ် Jungkook ရဲ့အမာခံပရိတ်သတ်များကတော့ အတော်လေးယူ ကြုံးမရဖြစ်နေကြပါတယ် ...ဆက်လက်ပြီးတော့"
TV မှာလာနေတဲ့ သတင်းကို ပိတ်လိုက်ပြီး စီးကရက် တစ်လိပ်ဆွဲကာ ၀ရန်တာသို့ ဖြေးညှင်းစွာပဲ ထွက်ခဲ့လိုက်သည်။
အခုမှရေချိုးပြီးခါစမို့ သူ့ရဲ့ ဆံနွယ်ရှည်တို့ကို ရေစက်တွေ တွဲခိုနေပုံက ဆွဲဆောင်မှုရှိလှစွာ... bathrobe ကြားက လှစ်ဟာနေတဲ့ တောင့်တင်းလှတဲ့ ရင်အုံနဲ့ ၀မ်းဗိုက်ကြွက်သွားတွေ... လက်မောင်းတစ်လျှောက်မှာ အရိုင်းဆန်စွာ ပြွတ်သိတ်နေတဲ့ tattoo တွေကြောင့် သူ့ပုံစံက အဆိုတော်ဆိုတာထက် ခပ်မိုက်မိုက် မာဖီးယား ဂိုဏ်းခေါင်းဆောင်အလား....
အဆုံးအစ မရှိဘူးလို့ ထင်ရတဲ့ ဟန်မြစ်ကိုကြည့်ရင်း ဆေးလိပ်ကို တစ်ချက် ရှိုက်ဖွက်လိုက်မှ သူ့တစ်နေ့တာက အဆင်ပြေသွားသလို....
ကျွန်တော် ဆေးလိပ်တွေ သောက်တတ်နေပြီ hyung...မကောင်းဘူးဆိုတာ သိပေမဲ့ စိတ်ဆင်းရဲမှုတွေကို စီးကရက်က အခိုးအငွေ့တွေနဲ့အတူ မှုတ်ထုတ်လိုက်ရင် နဲနဲပါးပါးတော့ သက်သာသွားသလိုပဲလေ...ပြောင်းလဲသွားခဲ့ပြီ hyung မရှိတဲ့ 5 နှစ်အတွင်းမှာ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ ကျွန်တော် အရင်လိုမပြုံးတတ်တော့ဘူး ကျွန်တော်အရင်လို ပေါ့ပေါ့လေးမနေတတ်တော့ဘူး ပျော်ရွှင်မှုဆိုတာ ဘာမှန်းမသိတော့တဲ့အထိ ကျွန်တော့်ဘ၀ဟာ ခြောက်ကပ်နေခဲ့ပြီ...
"ဒုန်း!!Jeon Jungkook အခုချက်ချင်း တံခါးဖွင့်စမ်း"
ရောက်တတ်ရာရာ အတွေးများက အခန်းတံခါးဆီကိုတဒုန်းဒုန်းထုရိုက်ရင်း အော်ဟစ်နေတဲ့ Jung Hara ရဲ့အသံကြောင့် ရုတ်ချည်းလွင့်ပြယ်သွားသည်။
YOU ARE READING
SYMPHONY (Completed)