Part- 8

2.2K 260 1
                                    

Unicode

"မွမွ"

မျက်နှာပြင်အနှံ့မှာ ခံစားနေရတဲ့ အထိအတွေ့ကြောင့် ယားစိယားစိဖြစ်ကာ အိပ်မှုန်စုံဖွားနဲ့ပင်
နိုးလာခဲ့သည် ခုထိမဖွင့်နိုင်သေးတဲ့ မျက်လုံးတွေကိုအားတင်းပြီး ပြူးကြည့်မိတော့ သူ့မျက်နှာပြင်အနှံ့ကို စောစောစီးစီး လိုက်နမ်းနေတဲ့ Jungkook
စိတ်ကထောင်းခနဲ တိုသွားကာ ဘေးနားကနေစမ်းမိတဲ့ ခေါင်းအုံးနဲ့ မျက်နှာတည့်တည့်
ရိုက်ချလိုက်သည်

ဟုတ်တယ်လေ ဒီနေ့က ကျောင်းလဲပိတ် အချိန်ပိုင်းအလုပ်လဲနားလို့ အေးဆေးအိပ်မယ် ကြံနေပါတယ်ဆို ဒီသကောင့်သားက ကဲလွန်းသဲလွန်း ကမ္ဘာကြီးပျက်နေရင်တောင် ဒီနေ့တော့ အိပ်ရေး၀အောင်
အိပ်မယ်လို့ စိတ်ထဲမှာကြုံးဝါးရင်း ပြန်အိပ်ဖို့သာပြင်လိုက်တော့သည်

"Hyung မွ ထတော့လေ မွမွ"

အရိုက်ခံရတာတောင် မမှတ်သေးပဲ တမွမွနမ်းကာ နှိုးနေတဲ့ Jungkook။ မရတော့ Park jimin ရဲ့သည်းခံနိုင်စွမ်းက ဒီမှာ ဂိတ်ဆုံးသွားပြီ

"Jungkook ka hyung အိပ်ချင်သေးတယ်လို့
ဒီနေ့လေးနားရတာကို ဘာလို့လာနှောင့်ယှက်နေတာလဲ ဗြဲ...အီးဟီး"

ဟိုက်!! သွားပြီ hyung ငိုသွားပြီ ပြဲလန်အောင်အော်နေထဲက hyung ရဲ့ ဒေါသ ဂိတ်လွန်ကိုရောက်နေပြီမှန်း သိလိုက်သည် တခြားသူတွေ စိတ်အရမ်းဆိုးရင် ဘာလုပ်တတ်လဲမသိပေမဲ့ jiminnie hyung ကတော့ စိတ်တိုသမျှကို အော်အော်ငိုပြီး ဖြေတတ်သည် မဖြစ်သေး စောစောစီးစီး အော်ငိုနေတဲ့အသေးလေးကို ချော့ရ‌ဦးမည်

"Arr.. hyung ကလဲဒါ ငိုစရာလားလို့ ဒီနေ့လကုန်ရက်လေ"
"လာကုန်တော့ ဘောလား"

အာ...ဒီစွာစိလေးတော့ ‌မနက်လင်းလင်းချင်း အဆဲမိုးတွေ ရွာနေပြန်ပါပြီ

"လစာလဲထုတ်ပြီးပြီဆိုဝော့ မုန့်တွေလျှောက်စားကြမယ်လေ ဒီကိုစရောက်ထဲက ကျွန်တော်နဲ့ hyung အေးအေးဆေးဆေးနဲ့ အတူတူအချိန်မဖြုန်းရတာကြာနေပြီကို"

သူ့စကားဆုံးတာနဲ့ ငိုနေရာကနေ တိကနဲရပ်သွားတဲ့ hyung နှုတ်ခမ်းဆူပြီး စိုက်ကြည့်နေပုံအရ တစ်ခုခုကို အသည်းအသန် စဉ်းစားနေတာသေချာပါပြီ အမူအရာတွေအကုန်လုံးကစ အူယားစရာကောင်းနေတဲ့ hyungကို စိတ်ရှိလက်ရှိ
ချုပ်ပြီးနမ်းလိုက်ရင် ထပ်ငိုသွားဦးမယ် တော်ပါပြီ
ကိုယ့်ကိုယ်ကို ထိန်းမှ ဒီတစ်ခါ hyung ထပ်စိတ်ဆိုးသွားရင် အဆဲမိုးတင်မကဘူး ဖိနပ်ပျံတွေပါ လာလိမ့်မည်။

SYMPHONY (Completed)Where stories live. Discover now