Unicode//
မှောင်မဲတိတ်ဆိတ်နေတဲ့ အခန်းထဲက မိန်းကလေးတစ်ယောက်...အဆက်မပြတ် ကျလာတဲ့ မျက်ရည်တွေကို ဖယ်ရှားခြင်းမပြုပဲ အံကို ခပ်တင်းတင်းကြိတ်ထားရင်း ရှိုက်သံ တစ်စုံတစ်ရာ ထွက်မလာအောင် တောင့်ခံနေပုံက ကြည့်ရတာ ခက်ခက်ခဲခဲနိုင်လှသည်။ အမြဲလိုလို မာနရောင်နဲ့ တလက်လက်တောက်နေတဲ့ မျက်၀န်းစူးစူးတွေက အခုအချိန်မှာတော့ တိမ်တွေဖုံးကာ မိုးပြိုနေသည့်အလား။
မလှုပ်မယှက် ထိုင်နေတဲ့ သူမရှေ့မှာက ပြန့်ကျဲနေတဲ့ ပစ္စည်းတွေနဲ့ အ၀တ်အစားအချို့...အ၀တ်အစားကိုတောင် သေချာမထည့်နိုင်ဘဲ Luggage ကို၀ရုန်းသုန်းကားဆွဲကာ တုံ့ဆိုင်းခြင်းမရှိဘဲ ထထွက်သွားတဲ့သူကို ပြန်မြင်ယောင်မိတော့ မငိုမိအောင်တင်းခံထားတဲ့ ကြားမှ မျက်ရည်တွေက ထပ်ကာကြွေကြပြန်သည်။
အထီးကျန်ဆန်လွန်းတဲ့ အခန်း၊ ငြိမ်သက်နေတဲ့ လေထု၊ မျက်ရည်တွေနဲ့ တိတ်တဆိတ်ပြိုလဲနေတဲ့ သူမရဲ့ပုံရိပ်တွေက သူမအရှုံးတွေရဲ့ ပြယုဂ်! သူမဘက်က တစ်ဖက်သတ် သတ်မှတ်လိုက်တဲ့ အရှုံးအနိုင်ပြိုင်ပွဲက ဒီလိုစခဲ့သည်....
လွန်ခဲ့တဲ့ငါးနှစ် အတိအကျပြောရရင် Park jimin ကား accident ဖြစ်တဲ့ည...
Park jimin ကို Jungkook နားက ထွက်သွားပေးဖို့ သွားပြောပြီးထဲက Park jimin ဘာလုပ်လုပ် သိရအောင် အနောက်မှာ စောင့်ကြည့်ဖို့လူတွေ အမြဲလွှတ်ထားခဲ့သည်။ အဲ့ဒီညကလဲ အဲ့လိုပါပဲ....
ကံမကောင်းချင်တော့ Park jimin က accident ဖြစ်ပြီး ရေထဲကျသွားတယ် ကံကောင်းချင်တော့ ချက်ချင်းသိတဲ့ သူမက ချက်ချင်း ရှာခွင့်ရလိုက်သည်။မုန်းတာ မှန်ပေမဲ့ Park jimin ကို ဒီလိုမျိုး မသေဆုံးစေချင်တာ သူမရဲ့စိတ်ရင်း....... အမြဲတမ်းကံကောင်းနေတတ်ခဲ့တဲ့ Park jimin ဟာ ဒီတစ်ခါလဲ မသေခဲ့ပါ။တစ်ခုပဲ ..ရှာတွေ့တဲ့သူက သူမဖြစ်သွားခြင်းသာ....accident ဖြစ်တဲ့ ဒဏ်အပြင်
ရေပါနစ်ထားတဲ့သူမို့ ကိုမာတော့၀င်သွားသည်။Park jimin မသေဖူးဆိုတဲ့ အကြောင်းကို သိသူက သူမတစ်ယောက်ထဲ..... Park jimin ကိုရှာတွေ့ပြီလို့ ကြားကြားချင်း Jungkook ကိုပြောပြဖို့ စိတ်ကူးခဲ့ပေမဲ့ အရူးတစ်ယောက်လို ကမ္ဘာပျက်နေတဲ့ Jungkook ရဲ့ ပုံစံကို မြင်လိုက်တဲ့အခါမှာတော့ သူမစိတ်တွေက ချက်ချင်း အမှောင်ဖုံးသွားသည်။
YOU ARE READING
SYMPHONY (Completed)