Unicode
"ကျွန်တော်သွားပြီနော် hyung
Hyung ကြိုက်တဲ့မနက်စာလေးပြင်ပေးထားခဲ့တယ် နိုးရင်စားလိုက်နော်
ညတိုင်းဖုန်းဆက်မယ် video call ပြောကြမယ်နော် hyung
ကျွန်တော့်အတွက်စိတ်မပူနဲ့
Have a nice day"Hyung အတွက်ပြင်ထားတဲ့ မနက်စာဘေးမှာ ရေးထားတဲ့ စာလေးကို သပ်သပ်ရပ်ရပ် ခေါက်ပြီးထားခဲ့လိုက်သည်။ ခုထိမထသေးသော hyung နားကိုသွားလိုက်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေပုံလေးက အပြစ်ကင်းစွာ... ညက တော်တော်လေးငိုထားသည့်အပြင် ညည့်နက်မှ အိပ်ပျော်သွားတာမို့ မျက်ခွံလေးတွေဟာ ဖောင်းအစ်နေလျက်။ နိုးလာရင် ဘူးသီးနုနုဓားရှထားလို ဖြစ်နေမဲ့ hyung ရဲ့မျက်၀န်းမှေးမှေးတွေကို ပုံဖော်ကြည့်မိတော့ သူ့မျက်နှာမှာ ခပ်ဖွဖွအပြုံးတို့ ဖြစ်တည်လာသည်။
အိပ်မောကျနေဆဲဖြစ်တဲ့ အလှလေးကို ခြေဆုံးခေါင်းဆုံး ၀အောင်ကြည့်ပြီးတဲ့ နောက်မှာတော့
ခပ်ဖောင်းဖောင်း မျက်ခွံလေးတွေ ပန်းနုရောင်ပါးမို့မို့လေးတွေ ဆေးမကူထားတဲ့ နီးဆွေးဆွေးနှုတ်ခမ်းဖူးလေးတွေ ကလေးလေးတွေလို နီတာရဲလက်ဖောင်းဖောင်းလေးတွေကအစက နစ်၀င်သွားတဲ့အထိ တစ်၀ကြီး ထိုင်နမ်းပစ်လိုက်သည် အိပ်နေတဲ့အသဲအသက်လေးကတော့ အင်းအဲမျှသာအသံပြုပြီး ခုထိနိုးမလာသေး..."ကျွန်တော်သေချာပေါက် ပြန်လာခဲ့မယ်နော် ချစ်တာထက် ပိုတယ်ဆိုတာ သိထားပေး hyung"
နောက်ဆုံးအနေနဲ့ hyung ရဲ့နားနားလေးကို တိုးညှင်းစွာ ကပ်ပြောရင်း အမှတ်တရဆိုတဲ့ အရာတွေထပ်ပိုတဲ့ အငွေ့အသက်တွေ ပြည့်နေသော တိုက်ခန်းကျဉ်းလေးကို တစ်ချက်မျှ ဝေ့ဝဲကြည့်လိုက်သည်။
သက်ပြင်းတစ်ချက်ရှိုက်ပြီး ထွက်လာခဲ့တော့
နောက်မှာကျန်ခဲ့တဲ့ အသဲအသက်လေးနဲ့ တိုက်ခန်းကျဉ်းလေးကြောင့် သူ့ခြေလှမ်းတွေဟာ ပုံမှန်လိုတက်ကြွမနေတော့။ လေးပင်စွာ ထွက်ခွာခဲ့တဲ့ လမ်းတစ်လျှောက်မှာ စိတ်နဲ့ကိုယ်ဟာ တကွဲတပြား..
24 နာရီမပြည့်သေးတာတောင် ပင်ပန်းလှပါပြီ hyung ရယ်.....*****************************
"ဝုန်း"အသိ၀င်၀င်ခြင်း အိပ်ရာပေါ်ကနေ ၀ရုန်းသုန်းကားထရင်း နာရီကိုကြည့်မိတော့ အချိန်ဟာ မနက်6နာရီခွဲ....ဘေးနားနေရာကို ကြည့်မိတော့ ရင်းနှီးနေကျအ ငွေ့အသက်တွေ ပျောက်နေတဲ့ အိပ်ရာလေးက အထီးကျန်စွာ..
YOU ARE READING
SYMPHONY (Completed)