Unicode
"jiminie hyung jiminie hyung"
"ဟေဟေ....ဘာဖြစ်နေကြတာလဲ မင်းတို့ကလဲ အလောတကြီး ဒီမှာ အလုပ်ရှုပ်နေပါတယ်ဆို"ဆူပုတ်ပြီးထွက်လာတဲ့ နှုတ်ခမ်းတထော်ထော်နဲ့ စိတ်မရှည်တဲ့အသံကြောင့် လာခေါ်တဲ့ကလေးတွေလဲ မျက်ခုံးတလှုပ်လှုပ်
"Jungkookie hyung ကခေါ်ခိုင်းလိုက်လို့"
"ဘာ..သူကဘယ်မှာလဲ"
"အ-အဆောင်နောက်က cherry ပင်အောက်ကို လာခဲ့ပါတဲ့"
"အေးအေး...သွားလိုက်မယ်"ဆောင့်ဆောင့်အောင့်အောင့်နဲ့ ထွက်သွားတဲ့ jimin hyung ကိုမြင်မှ ကလေးတွေလဲ
သက်ပြင်းချနိုင်တော့သည် လူလေးသေးပြီး
ချစ်ဖို့ကောင်းသလောက် စိတ်ကြီးတဲ့
jimin hyung အကြောင်းကဝော့ တစ်ဂေဟာလုံးအသိ လူပုစိတ်တိုလို့ ပြောပြန်ရင်လဲ စီးထားတဲ့ ဖိနပ်နဲ့ လှစ်ခနဲ ကောက်ပေါက်တတ်တာမို့ အပြေးမြန်တဲ့သူလောက်ပဲ မကြောက်မရွံ့
သွားသွားစရဲသည်လေ.....jimin hyungဆိုတဲ့ ကောင်လေးရဲ့ အရပ်နဲ့ပတ်သက်ရင်
စိတ်ဆတ်မှုကြီးကတော့ ဂေဟာမှာ အမြဲတမ်းဟိုးလေးတကျော်ကျော်...**********************************
နေဦး အဲ့ Jeon Jungkook ငါနဲ့တွေ့ဦးမယ် အဆောင် နှစ်သုံးဆယ်ပြည့် အတွက် အထိမ်းအမှတ်ပွဲရှိလို့ အလှူရှင်တွေ ဧည့်သည်တွေနဲ့ အလုပ်ရှုပ်နေပါတယ်ဆို သူက အဲ့cherryပင်အောက်မှာ အားအားယားယား ဘာတွေ
စိတ်ကူးယဉ်နေလဲ မသိဘူး တွေ့မယ်ငါနဲ့...
အသိတရား၀င်သွားအောင် အားရပါးရကို
နရင်းအုပ်ပေးဦးမယ်ဆိုတဲ့ အတွေးနဲ့
အခေါ်တော်ပါးလိုက်တယ်ဆိုတဲ့ နေရာကို
ဆောင့်ကြီးအောင့်ကြီးလာခဲ့သည်သူရောက်သွားတော့ cherry ပင်အောက်မှာ Jungkook နဲ့ဆင်တဲ့ အရိပ်တောင်မမြင်ရ
ဘာလဲဟ ဟိုကလေးတွေငါ့ကို နောက်သွားတာလား
ဟိုကလေးတွေပဲ ပြောင်နေတာလား
Jungkook ကပဲ ပြောင်နေတာလား မသိပေမဲ့
စိတ်မရှည်တဲ့ Park jimin ရဲ့ခေါင်းပေါ်မှာတော့ ဒေါသနဲ့အတူ မိုးတွေအုံ့နေလျက် အဆစ်အနေနဲ့
မဲမှောင်နေတဲ့ တိမ်တွေကြားမှာ ဒူးရင်းသီးတွေပါ သီးလာသယောင်"Yarr...Jeon Jungkook hyung ကိုနောက်မလို့ဆိုရင်တောင် ဒီအချိန်မှာတော့ မလုပ်ပါနဲ့ကွာ အလုပ်တွေ အရမ်းရှုပ်နေတာကွ"
YOU ARE READING
SYMPHONY (Completed)