Unicode
"hyung!!! hyung ဖယ်စမ်း လွှတ်..ငါ့ကိုလွှတ် hyung ကိုရှာရမယ် hyungကဒီရေထဲကိုကျသွားတယ်လို့ပြောခဲ့တယ်မလား ငါသွားရှာရမယ် hyung တစ်ယောက်ထဲကြောက်နေရှာမှာ လွှတ်ပေးပါ"
"ကျေူဇူးပြုပြီး စိတ်ထိန်းပါ Jeon Jungkook shii..ကျွန်တော်တို့ဘက်က အစွမ်းကုန်ကြိုးစားပေးနေတာမို့ ဒီလိုတွေမလုပ်ပါနဲ့ Park jimin ကိုသေချာပေါက် တွေ့အောင်ရှာပေးပါ့မယ်"အရေးပေါ်ကားတွေနဲ့ ဆူညံနေတဲ့တံတားပေါ်မှာ အော်ဟစ်သောင်းကျန်းနေတဲ့ လူငယ်လေးတစ်ယောက်... ရှုပ်ပွနေသောဆံပင်တွေနဲ့ ဖရိုဖရဲအမူအရာတွေကြောင့် မသိတဲ့သူဆိုရင် အရူးလို့ထင်သွားနိုင်သည့်မြင်ကွင်း မျက်ရည်ပေါက်ကြီးငယ်ကျနေသော နီရဲနေတဲ့ မျက်၀န်းများက ဘယ်လောက်ထိ ကြေကွဲနေကြောင်း အထူးတလည်ပြစရာမလိုတဲ့ သက်သေအလား
Park jimin ကိုရှာဖို့ မြစ်ထဲကို ရူးရူးမိုက်မိုက် ခုန်ဆင်းချင်နေတဲ့ လူငယ်လေးက ဘေးနားက တာ၀န်ရှိသူတွေရဲ့ တင်းတင်းကြပ်ကြပ် ချုပ်ထားမှုကြောင့်သာမဟုတ်ရင် အခုချိန်ဆို ရေထဲရောက်နေလောက်ပြီပေါ့...
ရုန်းရင်းကန်ရင်း အော်ဟစ်ငိုယိုနေရတာကြောင့် သူ့အသိစိတ်တွေက လွတ်ထွက်လုနီးပါးပါဘဲ... အော်ဟစ်နေရလွန်းလို့ လောလောလတ်လတ်မှ Concertလုပ်ထားတဲ့ သူ့အသံဟာ နာကျင်မှုကြောင့် ယဲ့ယဲ့သာ ထွက်လာနိုင်တော့သည်။
hyung ကရေထဲကျသွားတာလို့ သူတို့ကိုယ်တိုင်ပြောနေပြီး hyung ကိုလိုက်ရှာဖို့ ရေထဲဆင်းမယ်လုပ်တော့လဲ သူ့ကိုကတားနေပြန်တယ်လေ ဒါဘယ်လိုတောင် စိတ်ပျက်စရာကောင်းရတာလဲ!! အလောင်းကို တွေ့အောင်ရှာပေးမယ်ဆိုတဲ့ စကားထွက်လာရင် သူကိုယ်တိုင်တောင် မထိန်းချုပ်နိုင်ပဲ ပြောတဲ့သူကို မသေရုံတမယ် ဆွဲဆွဲထိုးမိလို့ Park jimin ကိုတွေ့အောင်ရှာပေးမယ်လို့ပဲ ပြောရဲကြသည်။
"အား!!!..ခင်ဗျားတို့ဘာလုပ်လိုက်တာလဲ"
"ဒီလိုလုပ်လိုက်ရလို့ တောင်းပန်ပါတယ် ဒါပေမဲ့စိတ်ချပါ Park jimin ကိုသေချာပေါက် တွေ့အောင်ရှာပေးပါ့မယ်"လက်ဖျံထက်က စူးခနဲနားကျင်မှုနဲ့ အတူဘေးနားကလူရဲ့ တွေ့အောင်ရှာပေးပါ့မယ်ဆိုတဲ့စကားက သူ့နားထဲမှာ ဝိုးတဝါးကြားလာတာနဲ့အမျှ အမြင်အာရုံတို့ဟာလဲ တစ်စတစ်စ ဝေဝါးလာသည်။ ဟင့်အင်း!!!မဖြစ်ဘူး ဒီလိုအချိန်မှာသူ သတိလစ်သွားလို့ မဖြစ်သေးဘူး... hyung hyung ကိုသူကိုယ်တိုင်ရှာမှဖြစ်မှာ...
YOU ARE READING
SYMPHONY (Completed)