Part- 11

1.7K 203 3
                                    

Unicode

"Park jimin"
"ဗျာ...ကျွန်တော့်ကိုပြောတာလား"

ကျောင်းဆင်းတာနဲ့ အချိန်ပိုင်းအလုပ်သွားမလို့ ထွက်လာတုန်း သူ့နားကိုလာကာ သူ့နာမည်ကိုခေါ်နေသည့် မရင်းနှီးတဲ့ သူစိမ်းအမျိုးသမီး။
သူ့ကိုခေါ်တာလား မသေချာတာနဲ့ ထပ်မေးမိတော့ အထက်စီးဆန်စွာ ခေါင်းကိုတစ်ချက်ငြိမ့်ပြသည်။
လူကို စူးစိုက်ကြည့်‌နေပုံက နေကာမျက်မှန်
တပ်ထားတာတောင် သူမမျက်၀န်းတွေက ဘယ်လောက်ထိ စူးရဲနေလဲဆိုတာ ခံစားကြည့်လို့ရ‌ ‌နေသည်အထိ။

"Park jiminနဲ့စကားခဏပြောချင်တယ်"

နီရဲနေ‌တဲ့ နှုတ်ခမ်းပါးတို့မှ ကြွကြွရွရွ ထွက်လာတဲ့
အမိန့်မမည်တဲ့ အထက်စီးဆန်ဆန် တောင်းဆိုမှုတစ်မျိုး အခုမှသိသိချင်းလူကို ဗလိုင်းကြီး တင်တင်စီးစီး ဆက်ဆံနေတာကြောင့် စိတ်ထဲဖျင်းခနဲ

"အားနာပေမဲ့ ဘယ်သူလဲမသိဘူး"

သူမေးပြီးတာနဲ့ တစ်ပြိုင်နက် နေကာမျက်မှန်ကို အေးဆေးစွာချွတ်ရင်း သူ့ကိုအေးစက်စွာကြည့်လာတဲ့သူမ။ အလိုမကျမှုတွေ အထင်သေးမှုတွေနဲ့
ပြည့်နှက်နေတဲ့ မျက်၀န်းတွေက သူ့ကိုအလိုလိုနေရင်းတောင် သိမ်ငယ်သွားစေသည်အထိ။

"Jung Ha-ra"
"ဘာ!!"
"ငါ့နာမည်က Jung hara နင့်ကြောင့်သေသွားတဲ့ အမျိုးသမီးရဲ့ သမီး မှတ်မိသေးရဲ့လား"

တစ်လုံးချင်းစီပီပီသသ ထွက်လာတဲ့ စကားအဆုံး
ခြေတွေပါမခိုင်ချင်တော့။ Jung hara ဆိုတဲ့ နာမည်ကိုကြားရုံနဲ့ သူ့ရှေ့မှာ မျက်ဝါးထင်ထင်ကြုံခဲ့ရတဲ့ သွေးသံရဲရဲမြင်ကွင်းတွေ သေမလိုရိုက်နှက်ခံခဲ့ရတာကြောင့် အရိုးခိုက်အောင်‌ နာကျင်ခဲ့ရတဲ့ အတိတ်တွေက တစ်ခုချင်းစီ ပြတ်ပြတ်သားသားပေါ်လာကာ သူမတူတဲ့ ခြောက်ခြားမှုတွေ
ပေးစွမ်းလျက်။
သူမကဒီအချိန်မှ ဘာလို့ပြန်ပေါ်လာတာလဲ...

**************************************

စားပွဲပါ်မှာတင်ထားတဲ့ ကော်ဖီခွက်တွေဟာ အချိန်ကုန်လာတာနဲ့အမျှ တစ်စတစ်စ
အေးစက်လာသည်။ ရောက်တာ တော်တော်ကြာပြီဖြစ်သော်လဲ ဘယ်သူ့ဘက်ကမှ စကားစမပြောတာကြောင့် ဘေးပတိ၀န်းကျင်က လေထုပါ အလိုလိုအေးစက်နေသယောင်။ နောက်ဆုံးတော့ မနေနိုင်တဲ့သူကပဲ မဝံ့မရဲနဲ့ စကားပြောဖို့ စတင်ရတော့သည်။

SYMPHONY (Completed)Where stories live. Discover now