Part-19

1.7K 204 10
                                    

Unicode

"ဒီလောက်ဆို ကျွန်တော့်ဖုန်းကို ပြန်ပေးလို့ရလောက်ပြီထင်တယ်"
"မင်းကိုဘယ်လိုယုံရမှာလဲ"
"ဒါဆိုခင်ဗျားက ကျွန်တော်နဲ့ hyung ကို တစ်သက်လုံး အဆက်အသွယ်ဖြတ်ထားဖို့ စဉ်းစားနေတာလား"

တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးတို့မှ တစ်လုံးချင်း ထွက်လာ‌သော အေးစက်စက်စကားများကြောင့် ဘေးပတ်၀န်းကျင်က လေထုမှာ‌တော့ ခဲသွားတော့မဲ့အတိုင်း..... အနိုင်မခံ အရှုံးမပေးဘဲ တစ်ယောက်နဲ့တစ်ယောက် ထိုးဖောက်တော့မဲ့အလား အားပြိုင်နေကြတဲ့ အကြည့်တိုက်ပွဲမှာ အရင်မျက်နှာလွှဲလိုက်ရတာက သေချာပေါက် Jung Hara ဆိုသောသူမသာ....

"ဒီအခြေအနေရောက်အောင် မင်းပဲဖန်တီးခဲ့တာလေ
စာချုပ်မှာသေချာပြောထားရက်သားနဲ့ အပြင်ကိုခိုးထွက်ခဲ့တာ မင်းအမှားပဲမလား"
"ကျစ်...ဟုတ်တယ်အဲ့တာကျွန်တော့်အမှား အဲ့တာကြောင့် အဲ့အချိန်တုန်းက ဖုန်းသိမ်းသွားတာကိုလဲ အသာတကြည်လက်ခံခဲ့တယ်လေ ဒါပေမဲ့ အခုထိ ပြန်မပေးတာက‌တော့ ခင်ဗျားလွန်တယ်မထင်ဘူးလား"

သူ့ရည်းစားနဲ့ ဖုန်းမပြောရလို့ သူမကိုလာပေါက်ကွဲနေတဲ့ Jungkook က တကယ်ကို မွန်းကြပ်နေတဲ့ပုံ ခဏလေးအတွင်း ဒီလောက်အောင်မြင်လာတာတောင် သူက Park jimin ဆိုတဲ့လူသားကို သတိရနေသေးတာလား ဒီပုံစံအတိုင်းဆို သူမဘက်ကပဲ တစ်ထစ်‌လျှော့မှ ဖြစ်တော့မယ်နဲ့တူတယ်

"ဟင်း....မင်းရဲ့ပထမဆုံး Concert ကိုလာဖို့ ငါကိုယ်တိုင်သူ့ကို သွားဖိတ်လိုက်မယ် concert ပြီးတာနဲ့ မင်းနဲ့ နှစ်ယောက်ထဲ‌တွေ့ရအောင် ငါစီစဉ်ပေးမယ် ဒါပေမဲ့ အဲ့အချိန်ထိ ဖုန်းကို‌တော့ ငါပဲဆက်သိမ်းထားမယ်
အလုပ်ကိစ္စဘာညာကတော့ မင်းမန်နေဂျာက တစ်ဆင့်ပဲဆက်ပြောမယ် ဒီအတောအတွင်း အပြင်ကို လက်လွတ်စပယ်ထပ်မထွက်ပါနဲ့ အခုအချိန်မှာ မင်းက အရင်ကနဲ့မတူတော့ဘူးဆိုတာသိတယ်မလား"
"......."
"ဘာမှမပြောရင် မင်းလက်ခံတယ်လို့ငါ ယူဆလိုက်မယ်"

သူမပြောတာတွေကို အင်းမလုပ် အဲမလုပ်ဘဲ ငူငူကြီး ထိုင်‌‌ပြလိုက်တော့ ပြောချင်ရာတွေပြောပြီး အခန်းထဲမှပြန်ထွက်သွားသည်.. မွန်းကြပ်လာတဲ့ စိတ်ကြောင့် ကော်ဖီခါးခါး တစ်ခွက်ကို ဖျော်ရင်း တိုက်ခန်းအပြင်က ၀ရန်တာဘက်ထွက်ကာ ဘာရယ်မဟုတ် ရှုပ်ရှပ်ခက်နေသော ကားလမ်းတွေနဲ့ ပြွတ်သိတ်နေသော လမ်းသွားလမ်းလာလူများကို စိတ်မပါလက်မပါ ငေးကြည့်နေလိုက်သည်။

SYMPHONY (Completed)Where stories live. Discover now