Part-28

2.8K 254 19
                                    

Unicode

"ဝုန်း"

တစ်ခုခု ပြုတ်ကျသွားတဲ့ ဆူညံသံကြောင့် သူချက်ချင်းဆိုသလို လန့်နိုးလာခဲ့သည်။ နဂိုထဲက hyung ရဲ့အရေးပေါ် အခြေအနေတွေဆိုရင် ချက်ချင်းသိရအောင် သတိနဲ့အိပ်တတ်တာမို့ အသံကြားတာနဲ့ တစ်ပြိုင်နက် မျက်လုံး‌တို့ကို ဖွင့်ပြီးသား.....

နေပါဦး..ဒါအိပ်မက်လား!!!သူအရမ်း စိတ်စွဲနေလို့များ အိပ်မက်မက်နေတာလား...အခုသူမြင်နေရတာက အိပ်မက်လား လက်တွေ့လား မခွဲခြားနိုင်တော့။
အံ့ဩနေတဲ့ မျက်၀န်းတွေနဲ့ ပြူးပြူးလေး လာကြည့်နေတဲ့ hyung ကသူ့ရှေ့မှာ!! ဒါသာ အစစ်အမှန်မဟုတ်ဘဲ အိပ်မက်ဆိုရင် နိုးလာတာနဲ့ သူရူးသွားမှာ..

ကြိမ်နှုန်းမြင့်စွာ ခုန်ပေါက်လာတဲ့ ရင်ခုန်သံနဲ့အတူ နှုတ်ဖျားကနေ တိုးညှင်းစွာ‌ ရေရွတ်မိတဲ့ နာမ်စားလေးက

"hy--hy-hyung"

တစ်ဖက်လူကို မယုံနိုင်စွာ စူးစိုက်ကြည့်နေတုန်း ထိုသူရဲ့ နှုတ်ခမ်းဖျားမှာ ဖြစ်တည်တဲ့ အသုံးအနှုန်းက

" Jungkook" တဲ့.....

ချက်ချင်းဆိုသလို ဒ‌လဟော ကျလာတဲ့ မျက်ရည်တွေဟာ ၀မ်းနည်းလို့ မဟုတ်တာတော့ သေချာသည်။လွတ်ထွက်နေတဲ့ အသိစိတ်တွေနဲ့ စိတ်လှုပ်ရှားမှုတွေကို အသာထိန်းရင်း ဦးနှောက်ကို အမြန်လှုပ်ရှားလိုက်တော့ ဆရာ၀န်ကို သွားခေါ်ရဦးမယ်ဆိုတာ သတိရသွားသည်။

"ခ-ခဏ လေးနော် hyung ကျွန်-ကျွန်တော် ဆရာ၀န်"

Hyung ဆီကနေ မျက်နှာမလွှဲဘဲ အမောတကောပြောရင်း အပြင်ကို ပြေးထွက်မိတော့ ထပ်ကာထပ်ကာ ခွေယိုင်ကျ‌သွားသော ဒူး‌တွေကြောင့် အခန်းအပြင်ဆီရောက်ဖို့တင် ငါးမိနစ်လောက်
အချိန်ယူလိုက်ရသည်။

တစ်ဖက်တွင်တော့ ဆေးရုံကုတင်ပေါ်က ကောင်လေးသည် သူမြင်လိုက်ရတာကို အံ့ဩလွန်းသဖြင့် ပြန်တောင် မေ့လဲသွားချင်သွားသည်အထိ...ဂုတ်ထောက်နေသော ဆံပင်ရှည်တွေ...လက်ဖျံတစ်လျှောက် ပြွတ်သိပ်နေတဲ့ တက်တူးတွေ...အဆမတန် ထွားကြိုင်းလာတဲ့ ခန္ဓာကိုယ်ကြီးနဲ့အတူ နှစ်ဆလောက် ပိုရှည်ထွက်လာတယ် ထင်ရတဲ့ အရပ်အမောင်းကြီးနဲ့ Jungkook ပုံစံက ခုထိ သူ့မျက်လုံးထဲက မထွက်သေး..

SYMPHONY (Completed)Where stories live. Discover now