Part -9

2K 261 4
                                    

Unicode

"ဟယ်လို Jin hyung"
"ဟယ်လို jiminie ရေ hyung အရေးကြီးကိစ္စလေးပေါ်လာလို့ ဆိုင်ပိတ်လိုက်မယ် ဒီနေ့လာစရာမလို‌တော့ဘူးနော်"
"အာ ဟုတ်ကဲ့ hyung"
"အဲ့ဒါဆိုဒါပဲနော်jimin ... hyung နဲနဲအလျှင်လိုနေလို့"
"ဟုတ်ဟုတ်"

ကပျာကယာနဲ့ ဖုန်းကိုချက်ခြင်း ချသွားပုံအရတကယ်အရေးကြီးနေတဲ့ပုံ
ဟူး...ဒီနေ့အချိန်ပိုင်းအလုပ်လဲမရှိဘူးဆိုတော့
ဘာလုပ်ရပါ့
အာ..ဟုတ်ပြီ Jungkook ရဲ့အချိန်ပိုင်းအလုပ်ဆီသွားပြီး ကြိုရမယ် Jungkook ကို၀င်ခေါ်ပြီးရင်
ဒီနေ့ အသားကင်၀ယ်ကျွေးရမယ်

ကိုယ့်စိတ်ကူးနဲ့ကိုယ် သဘောအကျကြီးကျနေကာ
အတန်းပြီးတာနဲ့ Jungkook အလုပ်လုပ်တဲ့ Bar ဆီသို့ တန်းသွားလိုက်သည်
Jungkook ၀ယ်ပေးထားတဲ့ စက်ဘီးလေးကို
ဆိုင်ထောင့်မှာရပ်ပြီး အထဲ၀င်လာတော့ အရင်ဆုံးကြားရတာ Jungkook ရဲ့သီချင်းသံ
လူကိုသာယာယစ်မူးအောင် ဆွဲဆောင်နိုင်တဲ့
အသံလာရာအတိုင်း ကြည့်မိတော့ ဆိုင်ရဲ့အလယ်က stage ပေါ်မှာ မျက်၀န်းများကို မှိတ်ရင်း သီဆိုနေတဲ့
Jungkook ကိုမြင်ရသည်။

သီချင်းဆိုလိုက်တိုင်း သံစဉ်ထဲမှာလုံး၀ စီးမျှောနေတတ်တဲ့ Jungkook ကိုမြင်တော့ ခေါင်းထဲကို ဖြတ်ခနဲ၀င်လာတာက Jungkook တဖွဖွပြောလေ့ရှိတဲ့ အိပ်မက်အကြောင်း
Jungkookie က အောင်မြင်တဲ့အဆိုတော် ဖြစ်ချင်ဝာာလို့ ခဏခဏ ပြောနေခဲ့တာမလား
ဒီအချိန်မှာ သူ့အိပ်မက်တွေအတိုင်း ပရိတ်သတ်ရာထောင်ချီရှေ့မှာ ဝံ့ဝံ့ကြွားကြွားနဲ့ သီဆိုနေရမဲ့သူက
အချိန်ပိုင်း အလုပ်လုပ်တဲ့ ရိုးရိုးဘားလေးမှာ ဖျော်ဖြေနေတာမြင်ရတော့ ရင်ထဲမှာမကောင်း
မ‌ဖြစ်သေးပါဘူး Audition တွေ၀င်ပြိုင်ဖို့
နားချကြည့်ဦးမှပါ

"Hyung ဘယ်လိုရောက်လာတာလဲ အစောကြီးပဲ"

ကိုယ့်အတွေးနဲ့ကိုယ် ပူလောင်နေရတာနဲ့ Jungkook ‌ဘယ်အချိန်က ရောက်လာမှန်းတောင် သတိမထားမိလိုက်။ ရှေ့ကကောင်လေးကတော့
သူရောက်လာတာကို ဖုံးမနိုင်ဖိမနိုင် ပျော်နေပုံရကာ အပြုံးတွေကအစ ‌တလက်လက် တောက်ပနေသည်

"ဒီနေ့အချိန်ပိုင်းအလုပ်နားလို့ စောစောလာလိုက်တာ Jungkook ကအလုပ်ပြီးပြီလား"
"ပြီးပြီ hyung အခုပြန်လို့ရပြီ"
"Jungkook တို့သီချင်းဆိုနေရင်း ဖင်တကြွကြွဖြစ်နေတာဒါကြောင့်ကိုး"

SYMPHONY (Completed)Where stories live. Discover now