For Unicode
" အော် ရောက်လာပြီလား ထိုင်လေ "
Li တို့ရုံးခန်းထဲဝင်လာပြီးခဏကြာမှ စာရင်းတွေနဲ့အလုပ်ရှုပ်နေတဲ့သူက မော့ကြည့်လာရင်း တပ်ထားတဲ့မျက်မှန်အဝိုင်းလေးကိုချွတ်ကာထိုင်ဖို့ပြောနေသည်။ ကြည့်ရတာတော့တစ်ခုခုပဲ ဘာလဲတော့မသိဘူး
" မင်းတို့လေးယောက်ကိုခေါ်လိုက်ရတာကတော့ သတိပေးစရာရှိလို့ "
ဇာတ်လမ်းကတော့စလာပြီ။
ထင်တော့ထင်တယ် ကောင်းတဲ့ကိစ္စမဟုတ်ဘူးဆိုတာ ၊ ခုလဲဘာတွေပေါက်ပေါက်ဖောက်ဦးမလဲမသိဘူး" မင်းတို့လေးယောက်ကျောင်းမှာဆိုးတယ် ခဏခဏပြဿနာရှာတယ် နေ့တိုင်းနီးပါးအပစ်ပေးခံရတယ် ဒါကိုတို့မပြောလိုဘူး ဒါကဆုံးမပီးပြင်ယူရင်ရတယ် အခုပြောချင်တာက ကျောင်းသားအဆင့်ကိစ္စ "
ဟိုသုံးကောင်ကတော့ သေချာအာရုံစိုက်နားထောင်နေသည် ၊ Li ကတော့သူ့ကိုမကြည့် တခြားကိုသာအကြည့်ပို့ထားရင်း နားထောင်နေလိုက်သည်၊
မထီမဲ့မြင်ပြုသလိုဖစ်နေပေမဲ့ သူ့နေရာမှာတခြားသူဆိုသေချာနားထောင်နေမှာ အခုကသူဖစ်နေလို့ကို မကြည့်ချင်တာ။" Lisa တို့ကိုကြည့်ပီးပြောတာနားထောင်ပေးပါ မထီမဲ့မြင်မလုပ်ပါနဲ့ "
အခုမှ Li ကိုသတိထားမိတယ်ထင်တယ် အာဏာကြီးနဲ့စကားပြောလာသည် ၊ Lalisa တို့က ဒီလောက်တော့မဖြုံ
" ကျောင်းအုပ်တစ်ယောက်အနေနဲ့ အမိန့်ပေးနေတာမို့ တို့မျက်နှာကိုကြည့်ရင်း သေချာနားထောင်ပေးပါ "
အနည်းငယ်ဒေါသသံလေးပါလာရင်း အော်လိုက်တာမို့ Li ခန္ဓာကိုယ်လေးတုန်တက်သွားပေမဲ့ ဘာမှမဖစ်သလိုသာ ပြန်နေလိုက်သည်
ဒေါ်စိတ်တို အော်လိုက်တာမို့ နားနေခန်းထဲမှာရှိတဲ့ ဆရာတော်တော်များများနဲ့ ဆရာမ အနည်းငယ်က ဝိုင်းကြည့်နေကြတာကြောင့် သူ့မျက်နှာကိုကြည့်လိုက်ရသည်
ဒေါသရိပ်တွေလွှမ်းနေတဲ့ သူ့မျက်နှာကိုကြည့်ရတာ သဘောကျလိုက်တာ ၊
Li အတွက်တော့သူ့ကိုမုန်းတာမို့ ဒေါသထွက်သည်ဖစ်စေ ၊ စိတ်ဆိုးသည်ဖစ်စေ ကျေနပ်သည်
YOU ARE READING
Starting With Bitterness (JENLISA // JENSOO)
Fanfictionခင်ဗျားကို Li သိပ်မုန်းတာပဲ။ Li သိပ်မုန်းတဲ့ခင်ဗျားကို သိပ်ချစ်နေမိပြီ။ မဖစ်နိုင်ဘူးဆိုတာနဲ့ပဲ Li ကနောက်ဆုတ်ပေးရမှာတဲ့လား။ ဟင့်အင်း Li အဆုံးထိရှေ့ဆက်တိုးနေမှာ....... မင်းနဲ့တို့ကမဖစ်သင့်တဲ့ စည်းတစ်ဖက်ကလူတွေပါ ကလေးငယ်။ မင်းဇွတ်မမိုက်ချင်စမ်းပါနဲ့။ မင...