-19-

2.2K 247 58
                                    

For Unicode

" တီတီ....တီတီ...."

အေးမြမြဖစ်နေတဲ့ဆောင်းဦးပိုင်းမို့ မနက်ခင်းဟာ အနွေးဓာတ်များပျောက်ဆုံးလို့....
ငှက်ကလေးများရဲ့အစာရှာသံနှင့်အတူ အခန်းတွင်းမှာရှိတဲ့နှိုးစက်ကထမြည်လို့လာခဲ့သည်။

စောင်ပုံကြားထဲ ပျောက်လုနီးနီး အိပ်နေတဲ့ကောင်မလေးကတော့ မကြည်လင်မှုများနဲ့မျက်လုံးများပွင့်ဟလာခဲ့သည်။

" ဒီနှိုးစက်ကလဲလေ တစ်နေ့တစ်နေ့အချိန်မှန်ကိုထမြည်နေတော့တာပဲ...... "

အိပ်ယာနိုးနိုးချင်း ဘေးနားကစားပွဲမှာထမြည်နေတဲ့နှိုးစက်ကိုပိတ်ရင်း Li တစ်ယောက်ပွစိပွစိပြောနေသည်။

အခုတစ်လောစာမေးပွဲနီးပြီမို့ အိမ်ကဒေါ်စိတ်တိုက ညဘက်စာသင်ချိန်ကိုပုံမှန်ထက်တိုးလိုက်သည်လေ....၊ 11 နာရီထိစာသင်ပြီး အိမ်စာပေးလို့ညဘက်ဆက်လုပ်ရသည်မို့ ညက 12 နာရီခွဲမှအိပ်ဖစ်ခဲ့သည်၊ အခုလဲမနက် 6 ခွဲဆိုတော့ လူကအိပ်ရေးမဝသေးဘူးပေါ့....

ဘာပဲဖစ်ဖစ်ကျောင်းကသွားရဦးမည်မို့ အမြန်ပြင်ဆင်ရဦးမည်၊ မနက်စာကို 7 နာရီအမှီဆင်းလာရမယ်ဆိုတဲ့ဒေါ်စိတ်တိုရဲ့စည်းကမ်းကြောင့် ခပ်မြန်မြန်သာပြင်ဆင်ရင်း လွယ်အိတ်လွယ်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။

" Li လေးဆင်းလာပြီလား ကြီးမေမနက်စာပြင်ပေးမယ်နော် "

" ဒါနဲ့ကြီးမေ Appa တို့ရော ဆင်းမလာသေးဘူးလား "

" သွားပြီ Li လေးရဲ့ သခင်လေးကအစည်းအဝေးရှိလို့တဲ့အစောကြီးထဲက Company ကိုသွားပြီ ..
သခင်မလေးကတော့ အဖိုးဆုံးသွားလို့တဲ့ သခင်လေးနဲ့ရှေ့ဆင့်နောက်ဆင့်ပဲထွက်သွားတာ... အော် ပြီးတော့ Li လေးကိုလဲမှာသွားတယ် ဒီနေ့တော့ကျောင်းကို စက်ဘီးနဲ့ပဲသွားလိုက်ပါတဲ့... "

" အော် ဟုတ်ကဲ့ကြီးမေ "

ကိုယ့်ဘာသာစက်ဘီးလေးနဲ့သွားရတဲ့မနက်ခင်းလေးကဘယ်လောက်တောင် လူကိုလန်းဆန်းစေလိုက်သလဲ.....
ဆောင်းဦးရောက်ပြီမို့ လေနုအေးအေးလေးတွေမျက်နှာကိုလာရောက်တိုက်ခတ်တဲ့အခါ အေးမြမှုက စိတ်ကိုကြည်လင်စေသည်...

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now