For Unicode
သစ်ပင်စိမ်းစိမ်းစိုစိုရှိနေတဲ့ လမ်းလေးတွေကို Soo တို့ဖြတ်လာအပြီးမှာတော့ Soo ရည်ရွယ်ထားတဲ့နေရာလေးသို့ရောက်လာခဲ့ပြီ။
လက်ဆက်တဲ့လေထုနဲ့ ပင်လယ်ပြင်ရဲ့ရနံ့က တစ်လလုံးပင်ပန်းထားတဲ့ Soo အတွက် လန်းဆန်းမှုကိုပေးသည်။
" Chu ဘာတွေပြုံးနေတာတုန်း "
အတွေးတစ်ချို့နဲ့အတူ မျက်နှာထက်အပြုံးလေးဆင်မြန်းရင်း ပင်လယ်ကိုကြည့်နေတဲ့ Soo ကို ကားထဲမှအိတ်တွေချပေးပြီး Soo အနားရောက်လာတဲ့ Oppa ကမေးသည်။
" ပင်လယ်ကြီးက သိပ်လှလို့လေ "
" ဟုတ်ပါရဲ့နော်...
ကဲ ... ဒါဆို ကိုယ်လဲသွားတော့မယ်လေ
ညကျမှပဲ ညစာစားဖို့ ကိုယ်လာခေါ်တော့မယ်
အခုတော့ Chu လဲပင်ပန်းလာတာဆိုတော့
အေးဆေးနားဦး "" ဟုတ် Oppa လဲသေချာသွားဦးနော်
နောက်နေ့မှပဲ နေရာအနှံ့ Soo လိုက်ပြတော့မယ် "" ကောင်းပါပြီဗျာ
ဒါဆို ကိုယ်သွားပြီ "ကားပေါ်တက်သွားကာ ထွက်သွားတဲ့ Oppa ကို Soo လက်ပြပြီးသာနှုတ်ဆက်လိုက်တော့သည်။
တကယ်ဆို Soo အိမ်မှာ Oppa တည်းလို့ရပေမဲ့
အရွယ်ရောက်ပြီးသားလူနှစ်ယောက်အတွက် မသင့်တော်တာမို့ Oppa ကို ဟိုတယ်မှာသာတည်းခိုင်းလိုက်ခြင်းဖြစ်သည်။
အလိုက်သိလွန်းတဲ့ Oppa ဟာလည်း အရာရာ Soo ဆန္ဒအတိုင်းသာ...လက်ထဲမှအိတ်လေးကိုဆွဲကာ ဂီတာလေးကိုလွယ်ရင်း မရောက်တာကြာပြီဖြစ်တဲ့ အိမ်ကြီးထဲဆီ Soo ဝင်ခဲ့လိုက်သည်။
အိမ်တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ပုံသဏ္ဍာန်နဲ့ ခြောက်ကပ်ကပ်အနေအထားက တစ်ချိန်တုန်းက ပုံရိပ်တစ်ချို့ကိုပြန်မြင်ယောင်လာစေသည်။
ထိုအိမ်ကြီးထဲ ပျော်မြူးခဲ့ကြတဲ့ Soo တို့ ..
နေရာတိုင်းမှာပုံရိပ်တွေချည်း ...Soo ပြုံးလိုက်မိသည်။
JenJen ကို မေ့နိုင်ပြီလားမေးရင် မေ့နိုင်ပြီလို့ Soo ဖြေမိလိမ့်မည်။အချစ်ဦးဟာ အချစ်ဦးနေရာမှာ ရှိနေမှာပေမဲ့
လက်ရှိအနေအထားမှာ လက်တွေ့ဆန်တဲ့ဘဝကိုသာ Soo ဖြတ်သန်းရတော့မှာ...
YOU ARE READING
Starting With Bitterness (JENLISA // JENSOO)
Fanfictionခင်ဗျားကို Li သိပ်မုန်းတာပဲ။ Li သိပ်မုန်းတဲ့ခင်ဗျားကို သိပ်ချစ်နေမိပြီ။ မဖစ်နိုင်ဘူးဆိုတာနဲ့ပဲ Li ကနောက်ဆုတ်ပေးရမှာတဲ့လား။ ဟင့်အင်း Li အဆုံးထိရှေ့ဆက်တိုးနေမှာ....... မင်းနဲ့တို့ကမဖစ်သင့်တဲ့ စည်းတစ်ဖက်ကလူတွေပါ ကလေးငယ်။ မင်းဇွတ်မမိုက်ချင်စမ်းပါနဲ့။ မင...