-43-

2.9K 324 234
                                    


For Unicode

" Lisa နဲ့ကဘာတွေလဲ JenJen
မင်းနဲ့သူကဘယ်အဆင့်ထိရောက်ပြီလဲ "

ခေါင်းကိုဒိတ်ခနဲ့စောင့်တက်သွားသလို JiJi ရဲ့မေးလာတဲ့စကားက ဘာရယ်ကြောင့်မှန်းမသိ jen ကိုဒေါသထွက်စေသည်။ တဂယ်ဆို Jen တို့ရဲ့ကိစ္စမှာအခုကိစ္စကဆိုင်လို့လား...

" JiJi ဘာလို့အခုလိုမေးတာလဲ...
Jen ကိုချိန်းတာ ဒါပြောဖို့လား "

Jen ဒေါသထွက်ပေမဲ့အတတ်နိုင်ဆုံး စိတ်ကိုထိန်းရင်းပြန်မေးလိုက်သည်။

" ဘာလဲ... ကိုယ်ကမေးလို့မရဘူးလား...
ကိုယ့်ချစ်သူ တစ်ယောက်လုံးသူများဆီစိတ်ယိုင်နေတာကို ကိုယ်ကဒီတိုင်းငြိမ်နေရမှာလား အနည်းဆုံးတော့မေးသင့်တယ်မလား "

" JiJi "

JiJi စကားတွေကအရမ်းကိုတရားလွန်လာတာမို့ Jen အော်ကာပြောလိုက်မိသည်။ Jen တဂယ်ကိုဒေါသထွက်မိတာ.. ကိုယ့်ချစ်သူက ကိုယ့်ကိုမယုံကြည်သလိုပြောနေတာကို ဘယ်သူက ငြိမ်ပြီးလက်ခံနိုင်မှာလဲ..

" ကိုယ့်ကိုမအော်နဲ့ JenJen. .
ကိုယ်မေးတာပဲဖြေပေး.. မင်းနဲ့ Lisa ကဘာတွေလဲ "

" ဘာတွေဘယ်လိုစွတ်စွဲပြီး Jen ကိုအခုလိုလာမေးနေတာလဲ JiJi "

" ကိုယ်မစွတ်စွဲဘူး ကိုယ်မြင်တာကိုပြောတာ.."

" JiJi အမြင်မှာစွတ်စွဲစရာကောင်းလောက်အောင် Jen တို့ကဖောက်ပြန်နေကြမိလို့လား "

Jen ရွဲ့ကာမေးလိုက်မိသည်၊ JiJi ဘာတွေဖစ်နေလဲမသိပေမဲ့ Jen အခုလိုမျိုးမေးတာတော့မကောင်းဘူးမလား..

" ကိုယ်မေးတာပဲဖြေပေးပါ JenJen ရယ်...
Jen တို့ဘယ်လိုပတ်သက်လဲ.. ကိုယ်လေ ကိုယ်ခံစားနေရတာတွေရော JenJen သိရဲ့လား "

" ဟင့်အင်း Jen မသိဘူး.. JiJi ကသိအောင်ပြောပြရမယ်လေ..အခုလိုမေးနေတာက Jen ကိုမယုံကြည်ရာရောက်နေတယ် "

ဒေါသထွက်နေတာမို့ Jen နှုတ်ကထွက်လာမိတဲ့စကားများဟာလဲ နူးနူးညံ့ညံ့တော့မဟုတ်ခဲ့..

" JenJen ကိုမယုံတာမဟုတ်ဘူး ကိုယ်စိတ်မချတာ..Lisa နောက်ကိုပါသွားမှာကြောက်တာ..JenJen မသိပါဘူး JiJi စိတ်ထဲဖစ်နေတဲ့ သဝန်တိုမှု ၊မနာလိုမှု၊ စိုးရိမ်မှု၊ စိတ်ပူမှုတွေကိုလေ ...အဲ့အရာတွေက ကိုယ့်ကိုအမြဲခြိမ်းခြောက်နေတာ JenJen သိလား..ကိုယ်လေ JenJen ကိုသိပ်ချစ်တယ် အဆုံးရှုံးလဲမခံနိုင်ဘူး.. "

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now