-27-

2.3K 262 66
                                    

For Unicode

အိမ်မှာမနေချင်တာမို့လို့သာ အပြင်ထွက်လာပေမဲ့ တဂယ်တမ်းကဘယ်သွားရမှန်းမသိ။

နာရီကိုကြည့်လိုက်တော့ နေ့လည်နှစ်နာရီခွဲ ၊ Chae တို့ဆီလဲမသွားချင်တာနဲ့ မတွေ့တာကြာပြီဖြစ်တဲ့ GiGi ရှိတဲ့ဆေးရုံကိုသာထွက်လာခဲ့သည်။

" အော်... ဧည့်သည်ရောက်နေတယ်ဆိုလို့ ဘယ်သူများလဲလို့ ချာတိတ်ကိုးးး "

ခေါင်းမှာစွပ်ထားတဲ့ခေါင်းစွပ်လေးကိုဖြည်ရင်း အခန်းထဲဝင်လာတဲ့ GiGi

" ဟုတ်တယ် GiGi ရဲ့...
GiGi နဲ့မတွေ့တာကြာလို့ ကျောင်းပိတ်တုန်းလေးလာခဲ့တာ "

" ကဲလာ ဒါဆို ကော်ဖီသောက်ရင်းစကားပြောရအောင် "

GiGi ခေါ်တဲ့နောက်ကိုလိုက်ခဲ့ရင်း နောက်ဆုံးမှာတော့ ဆေးရုံရှေ့ ပန်းခြံထဲကခုံတန်းလေးတစ်ခုဆီသို့...

" ငါတို့ GiGi ကဂျူတီကုတ်လေးနဲ့တဂယ်လိုက်တာပဲ ခန့်ညားနေလိုက်တာ "

" မြှောက်မနေပါနဲ့ ကော်ဖီကငါဝယ်တိုက်တာပါ "

" ကော်ဖီဝယ်တိုက်လို့ပြောတာမဟုတ်ပါဘူး GiGi ကတဂယ်ချောတာ...
ဒါနဲ့ ဒီလောက်ချောတဲ့ GiGi မှာချစ်ရမဲ့သူမရှိသေးဘူးဆိုတာကတော့ မဖစ်နိုင်ဘူးမလား "

မေးစေ့လေးကိုလက်လေးနဲ့ပွတ်ရင်း ပြုံးစိစိပြောနေတဲ့ ချာတိတ်စကားကြောင့် လိုက်ရယ်မိသွားသည်...
တစ်ဆက်ထဲ အတွေးထဲ ခပ်ချောချောခပ်စွာစွာမိန်းခလေးကို သွားသတိရမိလိုက်သေးသည်... နီရဲရဲနှုတ်ခမ်းလေးနဲ့ အချိုးအစားလှလှတဲ့ မျက်နှာသွင်ပြင်လေးကိုမြင်ယောင်မိလိုက်ချိန် ကိုယ်တိုင်မသိလိုက်ပါပဲ နှုတ်ခမ်းနှစ်ဖက်ဟာ ကွေးညွတ်သွားခဲ့သည်....

" ဟော..ဟော GiGi ပြုံးနေပြီ ...
အချစ်အကြောင်းပြောလိုက်တာနဲ့ GiGi ပြုံးနေတယ်ဆိုတော့ ချစ်ရမဲ့သူရှိတယ်မလား
ပြော ပြော GiGi ပြောပြ ဘယ်သူလဲ ဘယ်ကလဲ ချောရဲ့လား ဟင် ဟင် "

ဘေးချင်းထိုင်နေရင်း လက်ကိုအတင်းဆွဲကာ ပြောပြဖို့ပူဆာနေတဲ့ချာတိတ်ကြောင့် လူဟာရှက်ကိုးရှက်ကန်းရယ်...

" အာ...အဲ့တာက
ငါလဲသေချာမသိဘူး ဒီတိုင်းအမှတ်မထင်တွေ့တာ "

" ဟင် ဒါဆိုဘာမှမသိဘူးပေါ့
ဒါနဲ့ချောတော့ချောတယ်မလား "

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now