For Unicode
နေကပဲပြင်းတာလားမပြောတတ် ကားစီးရတာ ခေါင်းကိုက်လာသလိုလိုရှိတာမို့...
" JiJi အရှေ့လေးမှာ ကားခဏလောက်ရပ်ပါလား "
" JenJen ဘာဖစ်လို့လဲ "
ပန်းခြံလိုခုံတန်းလေးနဲ့နေရာကိုရောက်တော့ ကားကိုထိုးရပ်လိုက်ရင်း JiJi ကမေးလာသည်။
" Jen ခေါင်းနောကျလာလို့ "
JiJi ကိုပြောပီးပီးချင်းပင် ကားပေါ်မှဆင်းလိုက်ကာ... ခုံတန်းလေးဆီလျှောက်လာခဲ့လိုက်သည်။
' JenJen ခုတစ်လောဘာဖစ်နေတာလဲ
နေ့တိုင်းနီးပါမျက်နှာမကောင်းဘူး...JiJi နဲ့အတူရှိနေပေမဲ့ စိတ်မပါသလိုပဲ... JiJi စိတ်ထင်တာပဲဖစ်မှာပါလေ 'JiJi စိတ်ထဲရေရွတ်လိုက်ရင်း ကားပေါ်မှာဆင်းကာ JenJen နောက်သို့လိုက်ခဲ့သည်။
Jen ခုံတန်းလေးကိုရောက်တော့ ထိုင်ဖို့ဟန်ပြင်စဥ်မှာပင်...ရုတ်တရက် ထမြည်လာတဲ့ဖုန်းသံကြောင့် မထိုင်သေးပဲ အိတ်ထဲကဖုန်းကိုထုတ်လိုက်ကာ...
" ဟယ်လို "
" ဟယ်လို unnie Jen
Chae ပါ "" အင်း Chae လေးပြောလေ
အရေးကြီးကိစ္စရှိလို့လား "" unnie အဟင့်... unnie "
ရုတ်တရက် Chae ရဲ့ငိုသံကြားလိုက်ရတာမို့ Jen မျက်လုံးများပင်ဝိုင်းစက်လို့သွားသည်။ စိုးရိမ်စိတ်တို့ကလဲဝင်ရောက်လာသည်။
" ဘာဖစ်တာလဲ Chae လေး
ဘာလို့ငိုနေတာလဲ "" Lisa ....Lisa "
Lisa ဆိုတဲ့အသံကြားတာနဲ့.. Jen တစ်ကိုယ်လုံးတုန်လှုပ်လို့သွားသည်၊ ခလေးမ ဘာဖစ်လို့လဲ..
" Lisa ဘာဖစ်လို့လဲ
unnie စိတ်ပူလာပြီ မြန်မြန်ပြော "" Lisa ဆေးလွန်ပြီး shock ဖစ်လို့ ....အဟင့် "
" ဘာ "
" unnie လာခဲ့ပါ Chae တို့အခုဆေးရုံသွားနေပြီ
လိပ်စာကို Chae message ပို့လိုက်မယ်နော် "Chae စကားကိုပြန်မပြောနိုင်အောင်ပင် Jen စိတ်တို့က ဆောက်တည်ရာမရ...အခုချိန်မှာ Jen သိတာ Lisa ပင်... ပြီးတော့အရမ်းစိတ်ပူတယ်..
YOU ARE READING
Starting With Bitterness (JENLISA // JENSOO)
Fanfictionခင်ဗျားကို Li သိပ်မုန်းတာပဲ။ Li သိပ်မုန်းတဲ့ခင်ဗျားကို သိပ်ချစ်နေမိပြီ။ မဖစ်နိုင်ဘူးဆိုတာနဲ့ပဲ Li ကနောက်ဆုတ်ပေးရမှာတဲ့လား။ ဟင့်အင်း Li အဆုံးထိရှေ့ဆက်တိုးနေမှာ....... မင်းနဲ့တို့ကမဖစ်သင့်တဲ့ စည်းတစ်ဖက်ကလူတွေပါ ကလေးငယ်။ မင်းဇွတ်မမိုက်ချင်စမ်းပါနဲ့။ မင...