-45-

3.4K 328 161
                                    

For Unicode

လိုက်ကာစနောက်ကွယ်မှာ ဝတ်နေရတဲ့အဝတ်အစားက ကြပ်လွန်းနေတာလား Jen ကပဲမွန်းကြပ်နေတာလား မဝေခွဲတတ်အောင်ပင်...

ဇာအနားကွတ်လေးတွေပါတဲ့ ရင်ဖြတ်အဖြူရောင်ဂါဝန်ရှည်ရှည်လေးက Jen စိတ်တိုင်းကျပဲဖစ်မနေခဲ့တာလား Jen မျက်နှာက ခလေးတစ်ဦးလို မကြိုက်တဲ့အရာကိုငြင်းဆန်ချင်တဲ့အမူအရာမျိုး ၊ ငြူစူမှုအပြည့်ဖြင့်...

" ပြုံးထားလိုက်ပါဦး ညီမလေးရဲ့ "

လိုက်ကာစကိုဖွင့်ကာနီး ဂါဝန်ကူဝတ်ပေးတဲ့ဆိုင်ရှင်အမရဲ့ပြောစကားကြောင့် အားနာဟန်ဖြင့် တစ်ချက်ပြုံးရယ်ပေးလိုက်သည်။ လိုက်ကာစကိုဖွင့်လိုက်တာနဲ့ အရှေ့တည့်တည့်မှာမက်တပ်ရပ်နေတဲ့ JiJi ကစိတ်လှုပ်ရှားနေဟန်ဖြင့်...

အနက်ရောင်လိုက်ကာစလေးကိုဖွင့်ချလိုက်တော့ ပြောင်ရှင်းရှင်းရင်ညွှန့်လေးနဲ့ အတိုင်းသားပေါ်နေတဲ့လည်ပင်းညှပ်ရိုးလေးဟာ အဖြူရောင်ဂါဝန်ရှည်ရှည်လေးနဲ့အလွန်ပင်လိုက်ဖက်လွန်းလှသည်။ JiJi ရဲ့အကြည့်များမခွာနိုင်အောင်ပင် သူမရဲ့အလှကညို့ယူဖမ်းစားထားတာမို့ မျက်တောင်မခတ်တမ်းစိုက်ကြည့်နေမိသည်။

တတိယမြောက်ဝတ်ခြင်းဝတ်စုံက ဒီတစ်ခါမှာတော့ခါတိုင်းနဲ့မတူအောင်ရိုးရိုးရှင်းရှင်းလေးဖြင့် တဂယ်ပင်လှပလွန်းသည်။ JiJi မျက်စိထဲဘယ်လိုကြည့်ကြည့် လှနေတဲ့သူမက ဘာဝတ်ဝတ် သူမနဲ့လိုက်နေတော့လဲခက်သား....

" ဒါလေးပဲယူလိုက်နော် JenJen "

Jen ခေါင်းညိမ့်ပြလိုက်ကာ အားမပါတဲ့အပြုံးမျိုးဖြင့်ပြုံးပြလိုက်သည်။ တဂယ်ဆို Jen ဒီလိုဝတ်ပြီးမရွေးချင်ပေမဲ့ JiJi ရဲ့ဆန္ဒအတိုင်း တစ်ထည်ပြီးတစ်ထည်ဝတ်ကြည့်နေတာ ယခုဆို သုံးထည်မြောက်ပင်...

" JiJi လဲ ဝတ်ကြည့်လေ "

" ကိုယ်ကအခု JenJen ဝတ်တာလေးပဲဝတ်မှာလေ မဝတ်ကြည့်တော့ပါဘူး "

" မရပါဘူး Jen လဲကြည့်ချင်တာပေါ့..
သွားဝတ်လိုက်ပါ "

" ပူတူးကကြည့်ချင်တာပေါ့လေ..."

" အင်း "

" ခဏစောင့်... "

Jen ကိုပြောပြီးပြီးချင်း အခန်းထဲဝင်သွားတဲ့ JiJi ကသေချာပေါက် Jen အလိုလိုက်ပေးမယ်ဆိုတာသေချာပါသည်။ ခဏအကြာမှာတော့ ပြန်ထွက်လာတဲ့ JiJi က Jen နည်းတူဂါဝန်လေးဖြင့်...Model လို့မပြောရအောင်ပင် ခန္ဓာကိုယ်အချိုးအစားနဲ့ မျက်နှာအနေအထားအရ JiJi ဟာထိုဂါဝန်လေးနဲ့တဂယ်ပင်လိုက်ဖက်လွန်းသည်။

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now