For Unicode
Chae အရှေ့မှာထိုင်ရင်း ဆိုဂျူကို ပုလင်းလိုက်မော့ချနေသော သူမကို Chae ဒီအတိုင်းပင်ထိုင်ကြည့်နေမိသည်။
" အေ့ Chae လေးသိလား...
JiJi အရမ်းခံစားနေရတာ "" unnie တော်တော့နော်...
unnie သောက်တာအရမ်းများနေပြီ "သူမလက်ထဲက ဆိုဂျူပုလင်းလေးကို လှမ်းယူလိုက်ရင်း သူမကိုပြောလိုက်တော့.. Chae ရှေ့မှာခလေးတစ်ဦးသဖွယ်.. အသံအကျယ်ကြီးနဲ့ ငိုချလာတဲ့ သူမက နမည်ကြီး model သရုပ်ဆောင်တစ်ယောက်တဲ့လေ...
" အဟင့်...အီးးဟီးး...
Chae လေးသိရဲ့လား... JenJen ကလေ...
JenJen ကခုတစ်လော JiJi အပေါ်စိမ်းနေတယ် Chae လေးရဲ့ "ငိုရင်း ပြောလာတဲ့သူမစကားကိုကြားတော့ Chae တဂယ်ပင်စိတ်မကောင်းဖစ်မိပါသည်။ အစထဲက တစ်ယောက်ယောက်က နာကျင်ရမယ်မှန်းကြိုတင်သိနေပေမဲ့ အခုလိုမျိုးဖစ်လာတော့လဲ Chae လဲစိတ်မကောင်း...
" ဒါမဲ့ ဘာပဲဖစ်ဖစ်ပါလေ JiJi ကတော့ ချစ်တယ်...
အဲ့တော့ JenJen ကိုပိုင်ဆိုင်ရဖို့ကြိုးစားမှာပဲ..."
" ဒါပေါ့ unnie ကြိုးစားရမှာပေါ့..
ခုတော့ပြန်ရအောင်နော်... unnie အရမ်းမူးနေပြီ "" Wae... JiJi မမူးသေးဘူး... ပြန်ပေး
ထပ်သောက်ဦးမှာ.. "" သုံးပုလင်းတောင်ကုန်နေပြီလေ unnie ရဲ့မသောက်နဲ့တော့နော် လိမ္မာပါတယ် "
Chae အဖစ်ကအခုမှ အရက်မူးနေတဲ့သူတစ်ယောက်ကိုခလေးတစ်ယောက်လိုချော့နေရတဲ့အဖစ်...
မှားပါတယ် ဒီလိုမှန်းသိ.. လမ်းထိပ်ကို ထွက်မလာခဲ့ပါဘူး...
တဂယ်က Chae ညဘက်ဗိုက်ဆာလို့ အိမ်မှာဘာမှမရှိတာနဲ့ ကိုးနာရီလောက် လမ်းထိပ်ကိုထွက်လာခဲ့တာ...ဒါပေမဲ့ ဘာပဲဖစ်ဖစ်ပါလေ..သူမတစ်ယောက်ထဲ စိတ်မချနိုင်ပါဘူး Chae ရောက်လာတာပဲကောင်းတယ်...ပြီးတော့ သူမက နမည်ကြီးအနုပညာရှင်မလား တစ်ယောက်ယောက်တွေ့သွားရင် သွားပြီပဲ...." unnie ပြန်ရအောင်နော်...
လာ ထ "လက်ကိုအတင်းဆွဲကာ ခေါ်ပေမဲ့ ဂျစ်ကျလွန်းတဲ့ ကလေးကြီးက မထတဲ့အပြင် Chae လက်ထဲက ဆိုဂျူပုလင်းကိုလုရင်း တစ်ခါထပ်ကာသောက်နေပြန်သည်။
YOU ARE READING
Starting With Bitterness (JENLISA // JENSOO)
Fanfictionခင်ဗျားကို Li သိပ်မုန်းတာပဲ။ Li သိပ်မုန်းတဲ့ခင်ဗျားကို သိပ်ချစ်နေမိပြီ။ မဖစ်နိုင်ဘူးဆိုတာနဲ့ပဲ Li ကနောက်ဆုတ်ပေးရမှာတဲ့လား။ ဟင့်အင်း Li အဆုံးထိရှေ့ဆက်တိုးနေမှာ....... မင်းနဲ့တို့ကမဖစ်သင့်တဲ့ စည်းတစ်ဖက်ကလူတွေပါ ကလေးငယ်။ မင်းဇွတ်မမိုက်ချင်စမ်းပါနဲ့။ မင...