-16-

2.3K 246 26
                                    

For Unicode

ကျောင်းဝန်းထဲက လူသူကင်းမဲ့တဲ့ ဘောလုံးကွင်းထဲမှာထိုင်နေကြတဲ့ ကျောင်းသူတစ်စု။ တစ်နည်းပြောရရင် Lizzy ပေါ့....
အတန်းလစ်လာတာမဟုတ်သော်ငြားလဲ ကျောင်းချိန်ကြီး အပြင်ထွက်လာတယ်ဆိုတော့ လစ်သလိုပဲပေါ့။ ဒါကလဲ သူမတို့အပစ်တော့မဟုတ်ပါဘူး စာမသင်ပဲ ဆူညံနေတဲ့အခန်းထဲ ဘယ်သူမှမနေချင်ကြဘူးမလား .....

သူမတို့အတန်းကိုစာသင်တဲ့ ဆရာမတစ်ချို့က ဒေါ်စိတ်တိုရဲ့ ဒီနှစ်မှထူးထူးခြားခြားစီစဥ်တဲ့ ကျောင်းရဲ့နောက်ဆုံးနှုတ်ဆက်ပွဲအတွက်အလုပ်ရှုပ်နေကြခြင်းဖစ်သည်။ စာမသင်တဲ့အခန်းက ထုံးစံအတိုင်းကျောင်းသားတွေအတွက် နိဗ္ဗာန်ဘုံပဲမို့ အတန်းထဲမှာဆူညံနေကြတာကြောင့် သူမတို့လေးယောက် ယခုလိုလာထိုင်နေခြင်းဖစ်သည်။

" ဘာလိုလိုနဲ့ နောက်တစ်လဆို နောက်ဆုံးစာမေးပွဲတောင် ရောက်ပြီနော် "

တိတ်ဆိတ်နေတဲ့ နေရာလေးထဲ Bobby ရဲ့လေးလေးနက်နက်စကားပြောသံကြောင့် မြက်ခင်းပြင်ပေါ် လဲလျောင်းရင်း ကောင်းကင်ကိုကြည့်နေတဲ့ Li နဲ့အတူ မုန့်ကိုလုစားနေကြတဲ့ Chae နဲ့ Somi ရဲ့ အကြည့်ကလဲရောက်လာခဲ့သည်။
ခပ်ချောချော စီနီယာအစ်မကြီးတွေကိုသာ အမြဲတမ်းဘူးကျတတ်တဲ့ Bobby ဆီက ကြားရတာဆိုတော့ Li တို့အတွက်ထူးဆန်းနေတာပေါ့...

" ထူးထူးဆန်းဆန်း စာမေးပွဲကိုစိတ်ဝင်စားလို့ပါလား "

မုန့်စားနေတဲ့ Chae ရဲ့ ခပ်ဟဟရယ်ရင်း ပြောလိုက်တဲ့စကားး

" မဟုတ်ပါဘူးဟယ် စကားပြောမလို့အစပျိုးနေတာ နင်တို့က ဒါလေးတောင်နားမလည်ဘူး "

" ပြောစမ်းပါဦး နင်ကဘာပြောမလို့လဲ "

" ဘာလဲဆိုတော့ စာမေးပွဲမတိုင်ခင် လာမယ့် နှုတ်ဆက်ပွဲလေဟာ "

" ဘာလဲ အဲ့တာကဘာထူးခြားလို့လဲ ဒီတိုင်းနှုတ်ဆက်ပွဲလေးပဲဟာကို "

" မဟုတ်ဘူးဟ ငါပြောချင်တာက အဲ့နှုတ်ဆက်ပွဲကျ လာမယ့်အနုပညာရှင် "

" ဘယ်သူမို့လို့လဲ ငါတို့ ဒေါ်စိတ်တိုက အဲ့အနုပညာရှင်ကို suprise ဆိုပြီးမပြောပြဘူးမလား...
ဒါနဲ့ Lisa နင်ရောသိလား တစ်အိမ်ထဲနေတာဆိုတော့ "

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now