-17-

2.3K 247 98
                                    

For Unicode

ညနေသုံးနာရီခွဲတော့ပွဲပြီးသွားတာကြောင့် မှာစရာရှိတာများမှာခဲ့ရင်း တစ်မနက်လုံးပင်ပန်ထားတာမို့ လေးနာရီထိုးမှာ Jen တို့အိမ်ပြန်ခဲ့သည်။ Irene တို့လဲရှိုးပွဲတစ်ခုရှိတာမို့ ပွဲပြီးပြီးချင်းပင်ပြန်သွားကြလေသည်။ ဒီကနေ့နှုတ်ဆက်ပွဲလေးကတော့ Jen ထင်ထားတာထက်ပိုပျော်ဖို့ကောင်းခဲ့သည်။

ကျောင်းသားများလဲ အကုန်ပြုံးပျော်နေကြတာမို့ Jen စီစဥ်ရကျိုးနက်သည်။
ဒါမဲ့ အကုန်သာပျော်နေကြတာ Jen ဘေးမှာငြိမ်ငြိမ်လေးထိုင်နေတဲ့ခလေးမကတော့ မရွှင်မပြရယ်...
ဒီခလေးနေများမကောင်းလို့လားမသိဘူး...

" Lisa မင်းနေမကောင်းလို့လား "

ကားမောင်းနေရင်းနှင့်ပင် လက်တစ်ဖက်လွှတ်ရင်း ညာဘက်လက်လေးနဲ့ သူမကိုစမ်းကာမေးလိုက်သည်

" ကားကိုပဲဂရုစိုက်မောင်းပါ "

ခေါင်းအနည်းငယ်မူးနေတာမို့ထိုင်ခုံမှာထိုင်ရင်း အရှေ့ကိုကြည့်နေစဥ် ဘေးနားကကားမောင်းနေတဲ့ ဒေါ်စိတ်တိုရဲ့ မေးသံနဲ့အတူ ညာဘက်လက်ဖဝါးလေးက Li နဖူးဆီလာရောက်ထိကပ်လာတာမို့ ခေါင်းရှောင်လိုက်ကာ ခပ်တည်တည်ပင်ပြန်ပြောလိုက်သည်။

တဂယ်က Li ခေါင်းတွေအရမ်းကိုက်နေတာ ၊ လူတွေအများကြီးနဲ့မို့ ချွေးတွေလဲထွက်ရင်း လူကနုံးချိလို့...ပြောရမယ်ဆိုဖျားချင်သလိုလိုပဲပေါ့လေ...
ဒါတွေအားလုံးက သူမကြောင့်ပဲမလား Li မလိုက်ချင်တာကို အတင်းခေါ်လာတာ...
ခုမှလာစိတ်ပူမနေနဲ့ အပိုပဲ...
စိတ်ထဲကနေသာသူမကိုပြောရင်း တစ်ဖက်ကိုလှည့်ကာ အပြင်ကိုသာကြည့်နေလိုက်သည်။

ဒီခလေးကတဂယ်ခေါင်းမာတာပဲ။ နေမကောင်းဘူးများလားလို့ စိတ်ပူလို့စမ်းလိုက်မိတာကို သူကခပ်မြန်မြန်ပဲရှောင်လိုက်တာမို့ စိတ်မကောင်းတော့ဖစ်သွားရသည်။ ဘာပဲဖစ်ဖစ်အိမ်ရောက်ရင်တော့ဆေးတိုက်ရမယ်...

" ကြီးမေ ကြက်သားစွပ်ပြုတ်လေး အရင်လုပ်ပေးပါနော် "

အိမ်ကိုရောက်ရောက်ချင်း ကားပေါ်မှဆင်းကာ kitchen ထဲဝင်ရင်း ကြီးမေကိုပြောလိုက်သည်။ ခလေးမအတွက်ပေါ့....ကိုယ်ပူလားမပူလားတော့မသိပေမဲ့ ကြက်သားစွပ်ပြုတ်လေးသောက်ခိုင်းပြီး ဆေးတိုက်မယ်လို့တော့စဥ်းစားထားသည်။

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now